
ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ဗလင်စီယာနဲ့ပွဲမှာ အနီကဒ်နဲ့ စီရော်နယ်လ်ဒို ထုတ်ပယ်ခံရတဲ့နောက် ဂျူဗီတပ်စ်သင်းနည်းပြ အယ်လီဂရီက VAR စနစ် အသုံးပြုခြင်းမရှိတာကြာင့် အခုလိုဖြစ်ရတာလို့ မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ဗလင်စီယာနောက်ခံလူ မိုရီလိုရဲ့ ခေါင်းကို ပုတ်မိလို့ ကွင်းလယ်ဒိုင်လူကြီးက အနီကဒ်ပြ ထုတ်ပယ်ခဲ့တာကြောင့် ပထမပိုင်း ၂၉ မိနစ်မှာပဲ မျက်ရည်စတွေနဲ့ မက်စ်တဲလားကွင်းထဲကနေ ထွက်ခွား သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ကစားသမားဘဝ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယာနစ်ရဲ့ ပင်နယ်တီ ၂ လုံးနဲ့ ဂျူဗင်တပ်စ်တို့ ဒီပွဲကို အနိုင်ရခဲ့ပါတယ်။









