ချန်ပီယံလိဂ်ပြိုင်ပွဲမှာ VAR စနစ်ကိုသာ အသုံးပြုခဲ့မယ်ဆိုရင် ရီးရဲလ်ဟာ သူတို့ရခဲ့တဲ့ နောက်ဆုံးချန်ပီယံလိဂ် ဖလား ၂ ကြိမ်ကိုရနိုင်မှာ မဟုတ်ဖူးလို့ ဘာစီလိုနာကွင်းလယ်လူ ဗီဒဲလ်က ပြောလိုက်ပါတယ်။
ချီလီလက်ရွေးစင် ဗီဒဲလ်ဟာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကိုပြောင်းလာတဲ့သူဖြစ်ပြီး သူ့အသင်းရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ ရီးရဲလ်ကို တိုက်ခိုက်ပြောကြားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဗီဒဲလ်ဟာ ဘိုင်ယန်နဲ့အတူ ၂၀၁၆-၁၇ ဘောလုံးရာသီကွာတားဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဆီမီးဖိုင်နယ်တို့မှာ ရီးရဲလ်ကိုရင်ဆိုင်ခဲ့ပြီး အရေးနိမ့်ခဲ့သူ ဖြစ်ပါတယ်။