
မန်ယူအသင်းရဲ့ ဂန္ထ၀င်နည်းပြကြီးဖာဂူဆန်ဟာ ပြီးခဲ့တဲ့ စနေနေ့ကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ယူအသင်းနဲ့ဖူလ်ဟမ်အသင်း တို့ရဲ့ပွဲစဉ်ကို ဆရာဝန်တွေက ဘောလုံးပွဲကြည့်ရန်လုံလောက်သော ကျန်းမာရေးမရှိအကြောင်းပြချက်နဲ့ ကြည့်ရှု့ခွင့်ပိတ်ပင်ထားခဲ့တာမို့ လာရောက်ကြည့်ရှု့နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဖာဂူဆန်ဟာ ၂၀၁၈၊ မေလတုန်းကဦးနှောက်သွေးယိုစီးမှုဖြစ်ကာ အရေးပေါ် ခွဲစိတ် ကုသမှုကိုခံယူထားခဲ့ရပြီး မကြာသေးခင်ကမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ ဆေးရုံ ကနေပြန်ဆင်းခွင့်ရထားတာဖြစ်ပါတယ်။









