ချန်ပီယံလိဂ်အုပ်စု (C) အဖွင့်ပွဲအဖြစ် ယနေ့ည တွေ့ဆုံမည့် လီဗာပူးသည် ယခုနှစ်ချန်ပီယံလိဂ်၌ ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် ပါဝင်ကြောင်း ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က ကစားသမားများကို သတိပေးသည်။
ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် လီဗာပူးသည် ယခုနှစ်တွင်လည်း အဆင့်ဆင့်ဖြတ်ကျော်ရန် အလားအလာရှိသည်ဟု တူချယ်က ယုံကြည် ထားသည်။