ရွှေကမ္ဘာလုံးဆု ဆန်ခါတင်အဖြစ် ရော်နယ်ဒို မက်ဘီနှင့် ဂရစ်ဇ်မန်း ရွေးချယ်ခံရ

ဒူဘိုင်း – လာမည့်ဇန်နဝါရီ ၃ ရက်တွင် ဒူဘိုင်းမြို့၌ ဆုရသူကို ကြေညာမည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ရွှေကမ္ဘာလုံးဆု ဆန်ခါတင်အဖြစ် ရော်နယ်ဒို၊ မက်ဘီနှင့် ဂရစ်ဇ်မန်းတို့ ရွေးချယ်ခံရသည်။

၂၀၁၈ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအဖြစ် ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်၊ ရီးရဲလ်နည်းပြဟောင်းဇီဒန်း၊ လီဗာပူးနည်းပြ ကလော့ပ်၊ အက်သလက်တီကိုနည်းပြ ဆီမြွန်နီနှင့် ဂျူဗင်တပ်နည်းပြအယ်လီဂရီတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြီးခဲသည့်နွေရာသီက ရုရှားတွင် ကမ္ဘာ့ဖလားဆောင်ကြဉ်းပေးနိုင်ခဲ့သည့် ဒက်စ်ချမ့်က ယင်းဆုရမည်ဟု ရေပန်းစားနေသည်။

ဘော်လ်ကန်ဒေသရဲ့ တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို မိုဒရစ် ရရှိ

၂၀၁၈ ခုနှစ်အတွင်း တစ်ဦးချင်းအကောင်းဆုံးကစားသမားဆုများစွာ ဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ်ဟာ အခုလည်း ဘော်လ်ကန်ဒေသရဲ့ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုကို ရရှိသွားခဲ့ပြီး ၁၉၉၄ ခုနှစ်က ဘူလ်ဂေးရီးယားကြယ်ပွင့် စတွိုက်ကော့နောက်ပိုင်း အဲဒီဆုကိုရတဲ့ ဒုတိယမြောက် ဘောလုံးသမားဖြစ်လာခဲ့ပါတယ်။

Ballod d’Or ဆုရှင် မိုဒရစ်ဟာ ကလပ်အသင်းရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ရုရှားကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်း ဗိုလ်လုပွဲရောက်ခဲ့ရာမှာလည်း အဓိကကျသူဖြစ်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း အိုမန်၊ ကာတာ အသင်းတို့နှင့် ခြေစမ်းပွဲ ကစားမည်

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ အိုမန်၊ ကာတာ အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားမယ်လို့ မြန်မာဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ ဇန်န၀ါရီ အစောပိုင်းမှာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားဖို့ ဖိတ်ကြားခံရတာလို့ ဆိုပါတ်ယ။

အားကစား သတင်းတိုများ

■ ဒီဇင်ဘာ ၂၆ ရက်ပွဲစဉ်များမတိုင်မီ ပရီးမီးယားလိဂ်ဒုတိယရာသီဝက်သို့ ဇယားထိပ်ဆုံးအသင်းအဖြစ် ဝင်ရောက်ရန် ပြင်ဆင်နေစဉ် မိမိအပေါ် ဖိအားပေးနေခြင်းမရှိ ဟု လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ် က ပြောသည်။

■  ရိုးမားနှင့် အေစီမီလန်သို့ ပြောင်းမည်ဟု သတင်းထွက်နေသော တိုက်စစ်မှူးဖာဘီယိုကွာဂလီယာရယ်လာ (၃၆) နှစ် အား ဆမ်ဒိုးရီး ယားက ၂၀၂၀ ဇွန်လအထိ စာချုပ်သစ် ချုပ်ဆိုသည်။

လူမျိုးရေးခွဲခြားမှုကို ထုတ်ဖော် ပြောကြားသော စတာလင်ကို ဆောက်သ်ဂိတ် ချီးကျူး

ဘောလုံးလာကမှ လူ မျိုးရေးခွဲခြားမှု ကိစ္စကိုထုတ်ပြောသော စတာလင်သည် လေးစားစရာ သတ္တိရှိမှုကို ပြသခဲ့ သည်ဟု အင်္ဂလန်အသင်းမန်နေဂျာဂါရတ် ဆောက်သ်ဂိတ်ကပြောသည်။

ယခုလ စောစောပိုင်းက စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ မန်စီးတီးက ချယ်လ်ဆီးကို ရှုံးနိမ့်သော ပွဲစဉ်တွင် စတာလင်သည် လူမျိုးရေး ခွဲခြား စော်ကားခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဘာပေ ရရှိ

ပါရီ – ပြင်သစ်နှင့်အတူ ကမ္ဘာ့ ဖလားရရှိခဲ့သော ပီအက်စ်ဂျီလူ ငယ်တိုက်စစ်မှူး မက်ဘီသည် ၎င်း၏ လက်ရွေးစင် အသင်းဖော်များဖြစ်သော ဗာရိန်းနှင့် ဂရစ်ဇ် မန်းတို့ကိုကျော်ဖြတ်၍ ၂၀၁၈ အတွက် တစ်နှစ်တာအကောင်းဆုံး ပြင်သစ်ကစားသမားဆုကို ရရှိခဲ့သည်။

ရုရှားတွင် ပြင်သစ်အသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ရာတွင် ၎င်းတို့သုံးဦးစလုံးသည် အသင်း အတွက် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ခဲ့သော်လည်း မက်ဘီသာ ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

ဆာမက်ပရာကန်အသင်းနဲ့ ကျော်ကိုကို တရားဝင်စာချုပ်လိုက်ပြီ

ထိုင်းလိဂ်(၁)ကလပ် ဆာမက်ပရာကန်အသင်းဟာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ကို တစ်နှစ်အငှား စာချုပ်နဲ့ တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ထိုင်းလိဂ်ကလပ် ချင်းရိုင်အသင်းမှာ ကစားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ဆာမက်ပရာကန်အသင်းနဲ့ စာချုပ် လိုက်ပြီဖြစ်ပါတယ်။ ကျော်ကိုကို ဟာ ချင်းရိုင်အသင်းမှာ ဒဏ်ရာရရှိခဲ့လို့ တစ်နှစ်နီးပါးအနားယူခဲ့ရပြီးနောက်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့အတွက် ရန်ကုန်ယူနိုက်တက် အသင်းကနေ ဆာမက်ပရာကန်အသင်းက အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။

တိုက်စစ်ဆင်ပြီးပြိုင်ဘက်တွေ ပြန်ရှိန်အောင်လုပ်ဖို့ ဆိုးလ်ရှား ဆုံးဖြတ်ထား

မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားဟာ သူ့အသင်းကို တိုက်စစ်ဘဲကစားပြီး ပြိုင်ဘက်တွေက အရင်လိုပြန်ပြီး လန့်လာစေဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

မန်ယူဟာ မော်ရင်ဟိုလက်ထက်တုန်းက ခံစစ်ကိုဘဲ အသားပေးခဲ့တဲ့အပြင် ကစားပုံကလည်းမကောင်းလို့ ပြိုင်ဘက်တွေက ရဲရဲတင်းတင်းပြန်လည်ရင်ဆိုင်ခြင်းကို ခံခဲ့ရပါတယ်။

10 နှစ်ကြာပြီးမှ လိဂ်ဖလားဆုတံဆပ်ကို ရရှိခဲ့တဲ့ ဒီဖိုး

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သက်တော်ရှည်တိုက်စစ်မှူးဂျာမိန်းဒီဖိုးဟာ လွန်ခဲ့တဲ့ 10 နှစ်ကရရှိခဲ့တဲ့ လိဂ်ဖလား ချန်ပီယံဆုအတွက် ဆုတံဆိပ်ကို တနင်္လာနေ့ကမှ လက်ခံရရှိခဲ့ပါတယ်။

အသက် 36 နှစ်အရွယ် တိုက်စစ်မှူးဒီဖိုးဟာ 2007-08 ရာသီက စပါးအသင်းအတွက် လိဂ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ ပါဝင်ကစားခဲ့ပြီး ဗိုလ်လုပွဲမကစားခင် 1 လအလိုရောက်မှ ပို့စ်မောက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီနှစ်က ဗိုလ်လုပွဲမှာ စပါးက လန်ဒန်ဒါဘီပြိုင်ဘက် ချဲလ်ဆီးကိုအနိုင်ရခဲ့တာဖြစ်ပြီး ဒီဖိုးဟာ ပဉ္စမအဆင့်မှာ မန်စီးတီးနဲ့ဆုံတွေ့တုန်းကလည်း ဂိုးသွင်းပေးခဲ့သေးတာပါ။

၂၀၁၈ ဘယ်လ်ဂျီယံ တစ်နှစ်တာအကောင်းဆုံးအားကစားသမား ဆုကို ဟာဇက်ဆွတ်ခူး

ချဲလ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက်ဟာ ၂၀၁၈ အတွက်ဘယ်လ်ဂျီယံတစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုကို ရရှိခဲ့တယ်လို့သိရပါတယ်။

ဒီဆုကို ဘောလုံးသမားတွေထဲမှာ ဟာဇက်အပါအ၀င် ၃ ယောက်သာရရှိခဲ့ဘူးပါသေးတယ်။ ဒီဆုကို ၂၀၁၄ မှာ ကော်တွိုက်စ်၊ ၂၀၁၅ မှာ ဒီဘရူနီ တို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ၂၀၁၈ အတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး ချဲလ်ဆီးနဲ့အတူ အက်ဖ်အေဖလားကို ဆွတ်ခူးခဲ့သလို ဘယ်လ်ဂျီယံ အသင်းနဲ့လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ တတိယ ရခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေမှာ ဟာဇက် ကအဓိက ကျသူဖြစ်ခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးကိုသွင်းယူခဲ့သူဖြစ်ပါတယ်။