
ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် ဟတ်ထရစ်သွင်းယူပြီး အဓိက ပြိုင်ဘက် မက်ဆီတင်ထားခဲ့တဲ့ ဟတ်ထရစ်စံချိန် တစ်ခုကို လိုက်မှီခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် ဟတ်ထရစ်သွင်းယူပြီး အဓိက ပြိုင်ဘက် မက်ဆီတင်ထားခဲ့တဲ့ ဟတ်ထရစ်စံချိန် တစ်ခုကို လိုက်မှီခဲ့ပါတယ်။

MMA ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအင်န်ဆန်းသည် နောက်သုံးနှစ်တွင် MMA ကစားသမားဘ၀မှ အနားယူရန် စီစဉ်ထားပြီး အနားယူပြီးပါက မြန်မာနိုင်ငံ၌ မိသားစုနှင့်အတူ လာရောက်အခြေချနေထိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အသက် (၃၃)နှစ်အရွယ် အောင်လအင်န်ဆန်းသည် လက်ရှိတွင် MMA(One Championship) မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ပိုင်ရှင်ဖြစ်သည်။

အီတလီကလပ် ရိုးမားအသင်းက နည်းပြသစ်အဖြစ် ကလောဒီယို ရေနီယာရီကို ခန့်အပ်လိုက်ပါတယ်။ ရိုးမားက နည်းပြ ရေနီယာရီကို ဒီနှစ်ဘောလုံးရာမကုန်ခင်အထိ ခေါ်ယူထားတာပါ။ ရိုးမားက နည်းပြ ဒီဖရန်ဆက်စကိုကို ထုတ်ပယ်ပြီးနောက် အစားထိုးလိုက်တာပါ။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြရာထူးအတွက် တစ်နှစ်လုပ်ခပေါင် (၇.၅)သန်း အထိ ပေးချေသွားမယ့် စီစဉ်နေတယ်လို့ သိရပါတယ်။ အမြဲတမ်းနည်းပြရာထူးကို အိုလီဂန်နာဆိုးလ်ရှားက ရယူဖို့ အတွက် သေချာသွားခဲ့ပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။

ဘာနေဗျူးကွင်းတွင် အေဂျက်ဇ်ကို အပြတ်အသတ်ရှုံးကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ရီးရဲလ်ပရိသတ်များက ကွင်းရှေ့၌ ဆန္ဒပြကာ အသင်း ဥက္ကဋ္ဌပီရက်ဇ်နှင့် နည်းပြဆိုလာ ရီတို့ကို ထုတ်ပယ်ရန် တောင်းဆိုခဲ့သည်။ ဒေါသထွက်နေသော ရီးရဲလ်ပရိသတ်များက ဆိုလာရီကို ထုတ်ပယ်ကာ ရီးရဲလ်နည်းပြ ဟောင်း မော်ရင်ဟိုကို ခေါ်ယူရန် တောင်းဆိုခဲ့ပြီး ဂါရတ်ဘေးလ် ကိုလည်း ချက်ချင်းရောင်းထုတ်ရန် တောင်းဆိုသည်။

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ မတ်(၂)ရက်က ကျင်းပပြီးစီးသွားတဲ့ ဒူဘိုင်း ဂျူတီဖရီး ချန်ပီယံရှစ်မှာ အကြိမ်(၁၀၀)မြောက် အေတီပီချန်ပီယံဆုကို ရလိုက်တဲ့အတွက် ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒရာရဲ့ ကမ္ဘာ့အဆင့်ဟာလည်း အဆင့်(၃)ဆင့် မြင့်တက်သွားပါတယ်။
ဒီပွဲမတိုင်ခင်က ကမ္ဘာ့အဆင့်(၇)ဖြစ်တဲ့ ဖက်ဒရာဟာ မတ်(၄)ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ရမှတ်(၄၆၀၀)နဲ့ အဆင့်(၄)ကို ရောက်လာခဲ့တာပါ။ ဂရင်းစလမ်ချန်ပီယံဆုအခု(၂၀)ရထားတဲ့ ဖက်ဒရာအနေနဲ့ ဒူဘိုင်းပြိုင်ပွဲမှာ (၈)ကြိမ်မြောက် ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းတော့ လာမယ့်ကြားရက်မှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ် ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့အတွက် ပြင်သစ်မြေကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ အနည်းဆုံး အဝေးဂိုး (၂) ဂိုးရယူနိုင်ဖို့ လိုအပ်နေပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ဆိုရင်တော့ သွင်းဂိုး (၃)ဂိုးပြတ်သွင်းယူနိုင်မှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံသား ၀ယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Zebaztian နဲ့ ကာဇက်စတန်နိုင်ငံသား Kichingin တို့ ပါဝင်ထိုးသတ်မယ့် One Championship Reign Of Valor ပွဲကို မတ်(၈)ရက်မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Zebaztian ဟာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဦးဆုံး ကာကွယ်ရမယ့်ပွဲဖြစ်ပြီး ကမ္ဘာ့ချန်ပီယံနဲ့ ထိုက်တန်တယ်ဆိုတာ ပြသသွားမယ်လို့ ဆိုပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် သမိုင်းဝင်ပူးတွဲ ကျင်းပခွင့်ရ ဖို့အတွက် ကြိုးပမ်းသွားဖို့စီစဉ်နေပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့အတွက် တရုတ်နိုင်ငံနဲ့အတူ ဆွေးနွေးနေပါတယ်။ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကလည်း ဒီကြိုးပမ်းမှုကို ထောက်ခံခဲ့ပြီး ကျင်းပခွင့်ရဖို့ အလားအလာရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။