
အောင်သူက မြန်မာ့လက်ရွေးစင်ဘော်လီဘောအသင်းမှာ ကနဦးပါဝင်ခဲ့ပြီး ၂၀၁၅ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၀၊ ၂၀၁၄ မှာ ကျင်းပခဲ့တဲ့ Asia Games တွေ့မှာလည်း ပါဝင်ဆင်နွှဲခဲ့ပြီး အာရှအမျိုးသား ယူ -၂၃ ဘော်လီဘော ချန်ပီယံရှစ်ယှဉ်ပြိုင်ချိန်မှာတော့ နိုင်ငံပေါင်း(၁၆)နိုင်ငံအနက် မြန်မာက နံပါတ်(၅)နေရာ ချိတ်ခဲ့ပါတယ်။ ဘော်လီဘောအားကစားမှာ ပိုတိုးတက်မှုကို လိုလားတဲ့ အောက်သူက ထိုင်းနိုင်ငံ Chonburi အခြေစိုက် အမျိုးသားဘော်လီဘောအသင်းမှာ ၂၀၁၂ ကနေ ၂၀၁၅ ထိ၊ Nakhon Ratchasima အသင်းမှာ ၂၀၁၅ ကနေ ၂၀၁၈ ထိ ကစားခဲ့ပြီး လက်ရှိမှာတော့ ဂျပန်နိုင်ငံ Mishima မြို့အခြေစိုက် ဂျပန်အမျိုးသားဘော်လီဘောအသင်း Toray Arrows မှာ ကစားနေပါတယ်။









