
ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြရာထူးအတွက် တစ်နှစ်လုပ်ခပေါင် (၇.၅)သန်း အထိ ပေးချေသွားမယ့် စီစဉ်နေတယ်လို့ သိရပါတယ်။ အမြဲတမ်းနည်းပြရာထူးကို အိုလီဂန်နာဆိုးလ်ရှားက ရယူဖို့ အတွက် သေချာသွားခဲ့ပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြရာထူးအတွက် တစ်နှစ်လုပ်ခပေါင် (၇.၅)သန်း အထိ ပေးချေသွားမယ့် စီစဉ်နေတယ်လို့ သိရပါတယ်။ အမြဲတမ်းနည်းပြရာထူးကို အိုလီဂန်နာဆိုးလ်ရှားက ရယူဖို့ အတွက် သေချာသွားခဲ့ပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။

ဘာနေဗျူးကွင်းတွင် အေဂျက်ဇ်ကို အပြတ်အသတ်ရှုံးကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ရီးရဲလ်ပရိသတ်များက ကွင်းရှေ့၌ ဆန္ဒပြကာ အသင်း ဥက္ကဋ္ဌပီရက်ဇ်နှင့် နည်းပြဆိုလာ ရီတို့ကို ထုတ်ပယ်ရန် တောင်းဆိုခဲ့သည်။ ဒေါသထွက်နေသော ရီးရဲလ်ပရိသတ်များက ဆိုလာရီကို ထုတ်ပယ်ကာ ရီးရဲလ်နည်းပြ ဟောင်း မော်ရင်ဟိုကို ခေါ်ယူရန် တောင်းဆိုခဲ့ပြီး ဂါရတ်ဘေးလ် ကိုလည်း ချက်ချင်းရောင်းထုတ်ရန် တောင်းဆိုသည်။

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ မတ်(၂)ရက်က ကျင်းပပြီးစီးသွားတဲ့ ဒူဘိုင်း ဂျူတီဖရီး ချန်ပီယံရှစ်မှာ အကြိမ်(၁၀၀)မြောက် အေတီပီချန်ပီယံဆုကို ရလိုက်တဲ့အတွက် ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒရာရဲ့ ကမ္ဘာ့အဆင့်ဟာလည်း အဆင့်(၃)ဆင့် မြင့်တက်သွားပါတယ်။
ဒီပွဲမတိုင်ခင်က ကမ္ဘာ့အဆင့်(၇)ဖြစ်တဲ့ ဖက်ဒရာဟာ မတ်(၄)ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ရမှတ်(၄၆၀၀)နဲ့ အဆင့်(၄)ကို ရောက်လာခဲ့တာပါ။ ဂရင်းစလမ်ချန်ပီယံဆုအခု(၂၀)ရထားတဲ့ ဖက်ဒရာအနေနဲ့ ဒူဘိုင်းပြိုင်ပွဲမှာ (၈)ကြိမ်မြောက် ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းတော့ လာမယ့်ကြားရက်မှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ် ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့အတွက် ပြင်သစ်မြေကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ အနည်းဆုံး အဝေးဂိုး (၂) ဂိုးရယူနိုင်ဖို့ လိုအပ်နေပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ဆိုရင်တော့ သွင်းဂိုး (၃)ဂိုးပြတ်သွင်းယူနိုင်မှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံသား ၀ယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Zebaztian နဲ့ ကာဇက်စတန်နိုင်ငံသား Kichingin တို့ ပါဝင်ထိုးသတ်မယ့် One Championship Reign Of Valor ပွဲကို မတ်(၈)ရက်မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Zebaztian ဟာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဦးဆုံး ကာကွယ်ရမယ့်ပွဲဖြစ်ပြီး ကမ္ဘာ့ချန်ပီယံနဲ့ ထိုက်တန်တယ်ဆိုတာ ပြသသွားမယ်လို့ ဆိုပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် သမိုင်းဝင်ပူးတွဲ ကျင်းပခွင့်ရ ဖို့အတွက် ကြိုးပမ်းသွားဖို့စီစဉ်နေပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့အတွက် တရုတ်နိုင်ငံနဲ့အတူ ဆွေးနွေးနေပါတယ်။ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကလည်း ဒီကြိုးပမ်းမှုကို ထောက်ခံခဲ့ပြီး ကျင်းပခွင့်ရဖို့ အလားအလာရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ်လတ်ဗေးဂတ်မြို့မှာ မတ်လ(၂)ရက်က ကျင်းပတဲ့ UFC ပွဲစဉ်(၂၃၅)မှာ လိုက်ဟဲဗီးဝိတ်ချန်ပီယံဂျွန်ဂျုံးနဲ့ နိုင်ဂျီးရီးယားဇာတိသား အပ်စ်မန်းတို့ အနိုင်ရသွားပါတယ်။ Ultimate Fighting Championship လို့ခေါ်တဲ့ ယူအက်ဖ်စီပြိုင်ပွဲဟာ ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်ရတဲ့ (၅)မိနစ်(၅)ချီ ပြိုင်ပွဲဖြစ်ပါတယ်။ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုလုပွဲမှာတော့ လက်ရှိချန်ပီယံဂျွန်ဂျုံးက သူ့လိုပဲ အမေရိကန်နိုင်ငံသား ဖြစ်တဲ့ အန်ထော်နီစမစ်ကို အလွယ်တကူအနိုင်ရပြီး ချန်ပီယံခါးပတ်ကို ဆက်လက် ထိန်းသိမ်းသွားပါတယ်။ ၀ယ်တာဝိတ်ချန်ပီယံလုပွဲမှာ နိုင်ဂျီးရီးယားနိုင်ငံဖွား ကာမာရူအပ်စ်မန်းက အမေရိကန်ဖိုက်တာ တိုင်ရွန်ဝုဒ်လေးကို အနိုင်ရပြီး ချန်ပီယံဆု ရသွားပါတယ်။ အပ်စ်မန်းကို ဒိုင်လူကြီးသုံးဦးစလုံးက (၅၀း၄၄)မှတ်၊ (၅၀း၄၄)မှတ်၊ (၅၀း၄၅)မှတ်နဲ့ အနိုင်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အပ်စ်မန်းဟာ ယူအက်ဖ်စီချန်ပီယံဆုရ ပထမဆုံး အာဖရိကတိုက်ဖွားဖိုက်တာအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများထဲအပါအ၀င်ဖြစ်ကြတဲ့ ကင်ညာနဲ့ယူဂန္ဓာ နိုင်ငံတကာစီးရီးဖိတ်ခေါ်ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်တွေမှာ အောင်မြင်မှုရခဲ့တဲ့ မြန်မာကြက်တောင် အားကစားမယ်လေး သက်ထားသူဇာ အပါအ၀င် မြန်မာကြက်တောင်ရိုက်အဖွဲ့ဝင်တွေဟာ မတ်လ(၄)ရက်၊ တနင်္လာနေ့က ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အောင်ပွဲရ မြန်မာ့ကြက်တောင် အဖွဲ့ကို ကြက်တောင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများအပါအ၀င် အားကစား ၀ါသနာရှင်တချို့ကြိုဆိုခဲ့ကြပါတယ်။
-Ref:Skysports

မန်စီးတီးအသင်း သည် Puma နှင့် ပေါင်သန်း ၆၅၀ ရှိသော ၁၀ နှစ်သဘောတူညီချက်နှင့်အတူ အသင်း၏ ရာဇဝင်တွင် အကြီးမားဆုံးနှင့် ပရီးမီးယားလိဂ်၌ ဒုတိယအကြီးမားဆုံး စပွန်ဆာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံသည် လောလောဆယ် Nike နှင့် တွဲဖက်လုပ်ကိုင်နေ သော်လည်း ၂၀၁၉ နွေရာသီကစ၍ Puma နှင့် လက်တွဲမည်ဖြစ်သည်။