(၁၃-၁၁-၂၀၁၇) ရက်နေ နံနက်(၈)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဥိးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ၊ မြို့နယ်ကော်မတီဝင် ဥိးအောင်ဝင်း၊ ဦးစိုးကျော်အောင်၊ ဦးကျော်ငြိမ်းအောင်၊ ဦးခင်မောင်ထွန်းနှင့် ပါတီရုံးဝန်ထမ်းများ စုပေါင်း၍ တာချီလိတ် ခရိုင်/ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ (ဖလား) အပျော်တမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်မည့် ကွင်းသန့်ရှင်းရေးနှင့် ကွင်းဘေးသစ်ကိုင်းခုတ် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ပါသည်။
ကန်ကြီးထောင့်မြို့ အထကတွင် ကျင်းပသော (၉၇) နှစ်မြောက် အမျိုးသားနေ့အခမ်းအနား
13.11.2017 ရက်နေ့ ကန်ကြီးထောင့်မြို့ အထကကန်ကြီးထောင့်တွင် ကျင်းပသော (၉၇) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့်အတူ ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဌ ဦးသက်နိုင်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။
မုံရွာ ပြည်ခိုင်ဖြိုးပါတီ တွေဆုံပွဲ
မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲကို ၁၄.၇.၂၀၁၇ ရက်နေ့ နံနက် ၉း၀၀နာရီအချိန် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ရွှေဘိုခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ ရွှေဘို မြို့နယ် ၊ ဝက်လက်မြို့နယ် ၊ ရေဦးမြို့နယ် ၊ ခင်ဦးမြို့နယ်၊ တန့် ဆည်မြို့နယ် ၊ ဒီပဲယင်းမြို့နယ်တို့မှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးများနှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များ အင်အား (၈၀) ဦး တက်ရောက်ကြပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ၁၄.၁၁.၂၀၁၇ ရက်နေ့ ၁၂း၀၀ မှ ၁၄း၄၀ ထိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဦးမြင့်အေး၊ မြို့နယ်ကော်မတီဝင် ဦးဝင်းစိုးတို့နှင့် ကျေးရွာရှိပါတီဝင်များ၊ ရပ်မိရပ်ဖများ တွေ့ဆုံခဲ့ကြပါသည်။
၂၀၂၀ အောင်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင် အတည်ပြုကြပါသည်။ ကျွဲခရံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးရုံး ဆောက်လုပ်နိုင်ရန်အတွက် ဦးဘပိန် + ဒေါ်အောင်ကြည်မိသားစုမှ မြေယာကွက် လှူဒါန်းခဲ့ပါသည်။
စုပေါင်းမဟာဘုံကထိန်ကျင်းပ
မိတ္ထီလာ နိုဝင်ဘာ ၁၃
မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့တွင် မြို့တွင်းသို့ လှည့်လည်ပြီး ဂဠုံအုပ်စု ဂဠုံကုန်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းကာ ယနေ့နံနက် ၉ နာရီ အချိန်က ကထိန်တရားတော်များနာယူကာ ရေစက်သွန်းချအမျှအတန်းပေးဝေပြီး ပင့်သံဃာ ၁၂ ပါးတို့အား နေ့ဆွမ်းများ ဆက်ကပ် ပူဇော်ကြသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ online media မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ online media မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၄.၁၁.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်// မြို့နယ် ဥက္ကဌများ၊ အတွင်းရေးမှူးများ ၊ ကော်မတီဝင်များ၊ သင်တန်း သား/သူများ တက်ရောက်ခဲ့ကြပြါသည်။
ပဲခူးမြို့ အထက (၃) အမျိုးသားတန်းမြင့်ကျောင်း အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ တက်ရောက်ပူဇော်
ပဲခူး နိုဝင်ဘာ ၁၃
ပဲခူးမြို့ ဂရင်းဆိုရှယ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသော (၉၇) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်အတူ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ယခင်အမျိုးသားတန်းမြင့်ကျောင်း၏ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြ သင်တန်း (၁/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၂.၁၁.၂၀၁၇)ရက်နေ့ ညနေ (၃း၀၀)နာရီတွင် ခရိုင်ပါတီရုံးတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဗဟိုကော်မတီဝင် တိုင်းပါတီကော်မတီဝင် (အနောက်ပိုင်းခရိုင် နယ်မြေခွဲတာဝန်ခံ) ဦးတင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီ ဥက္ကဌ၊ ဘဏ္ဏာရေးမှူးနှင့် ပါတီကော်မတီဝင်များ ၊မြို့နယ်ပါတီ ဥက္ကဌများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မျိုးဆက်သစ် လူငယ်မောင်/မယ်များ တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူ ရရှိခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ
(၁) ပြည်သူ့အကျိုးပြုလုပ်ငန်းများ လစဉ် ဆောင်ရွက်ရန် ၊
(၂) မြို့နယ်များတွင် ဖွဲ့စည်းပြီးသော ပရဟိတအသင်းများလှုပ်ရှားမှု တစ်လတစ်ကြိမ် လှုပ်ရှားဆောင်ရွက်ရန်၊
(၃) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အမျိုးသားရေးဆိုင်ရာ အသင်းအဖွဲ့များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်၊
(၄) လူငယ်ထုအင်အားကျစ်လစ်သိပ်သည်းမှုမှ တိုးချဲ့စည်းရုံးဆောင်ရွက် ရန်၊
မင်းတုန်းပြည်ခိုင်ဖြိုးလစဉ်ပုံမှန်အစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုကော်မတီဝင် ဦးသန်းဝင်း၊ မကွေးတိုင်းအရန်ကော်မတီဝင် ဦးဝင်းတင်၊ သရက်ခရိုင် ပါတီဥက္ကဌ ဦးဝင်းကျော်တို့သည် မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပသည့် မြို့နယ်နှင့် ရပ်ကျေးအမှုဆောင်များ လစဉ်ပုံမှန်အစည်းဝေးသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ပါတီ၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ အလုပ်သမားရေးရာကော်မတီဖွဲ့ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်။ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ အခြားသောနိုင်ငံရေးပါတီများနှင့်အတူ ဥပဒေနှင့်အညီ ဝေဖန်ထောက်ပြဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မင်းတုန်းမြို့နယ် ပါတီဥက္ကဌ ဦးစိုးနိုင် ၊ ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့ပေါ်နှင့်ကျေးရွာ (၈၄)ရွာမှ စည်း/မှူးနှင့်ပါတီဝင်များ စုစုပေါင်းအင်အား (၁၅၉)ဦး တက်ရောက်ကြောင်း သိရှိရသည်။