မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်အလိုက် ပါတီဝင်နှစ်စဉ်ကြေး ပေးသွင်းမှုရာခိုင်နှုန်း မလှိုင်မြို့နယ်ပါတီ အများဆုံးဖြစ်

မန္တလေး နိုဝင်ဘာ ၃ဝ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ဝ၁၇ ခုနှစ်အတွက် ပါတီဝင်နှစ်စဉ်ကြေး များအား ကောက်ခံလျက်ရှိရာမြို့နယ်အလိုက်ပါတီဝင် နှစ်စဉ်ကြေး ပေးသွင်းမှုရာခိုင်နှုန်းမှာ မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အများဆုံးဖြစ်နေကြောင်း ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ပြုလုပ်သည့် (၉) ကြိမ်မြောက် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲမှ သိရသည်။

ဗြန့်ကြီးကျေးရွာမှ ဆန္ဒမဲပေးခွင့်ရှိသူ ၂၃ဝ ဦးရှိသည့်အနက် ၂ဝဝ ဦး ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်

ကျုံပျော် နိုဝင်ဘာ ၂၉

 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ကွင်းလျှား ကျေးရွာအုပ်စု ဗြန့်ကြီးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက အိမ်ခြေ ၉၇ လုံးရှိပြီး အသက် (၁၈) နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၃ဝ ဦးရှိသည့် အနက် ၂ဝဝ ဦး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ခဲ့သည့်အတွက် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ ငှက်ပျော ကျင်း၊ ကောင်းဘို့၊ ပလောင်ကျေးရွာများမှ လေ့လာရေးအဖွဲ့များအား တွေ့ဆုံကြိုဆိုနှုတ်ဆက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းသည် နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသော ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာ၊ ငှက်ပျောကျင်း ကျေးရွာ၊ ပလောင်ကျေးရွာများမှ ပါတီဝင်များအား နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပါတီဌာနချုပ်မှ အမှတ်တရ လက်ဆောင်များပေးအပ်ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအတွင်းရေးမျိုး ဦးကျော်ကျော်ဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်တာဝန်ခံ ဦးအောင် ထွန်းတို့မှ ပေးအပ်ရာ ဒေသခံ လေ့လာရေးအဖွဲ့ဝင်များကိုယ်စား ဒေသခံတိုင်းရင်းသားများမှ လက်ခံရယူခဲ့ သည်။

ပြည်ခိုင်ဖြိုးပါတီ ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင်မောင်အုန်း (ဗဟိုအလုပ်အမှုဆောင်) များနှင့် တွေ့ဆုံ

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့ နေ့လည် (၁၃း၃၀) အချိန်တွင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်တာဝန်ခံ (ဗဟိုအလုပ်အမှုဆောင်) ဦးမောင်မောင်အုန်း၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီအတွင်းရေးမှူး  ဦးသန်းဝေ (ဗဟိုကော်မ တီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးမြအောင် (ဗဟိုကော်မ တီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးဇော်ဇော်မြင့် ( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် – ဗဟိုကော်မတီဝင်) တို့နှင့် တွေ့ဆုံခဲ့ပြီး ပါတီဆိုင်ရာကိစ္စရပ်များနှင့် ဗဟိုမှ ညွှန်ကြားချက်များအား အကျယ်တ၀င့် ဆွေးနွေးခဲ့ကြပါ သည်။

နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂၀၁၇) ကျင်းပ

နိုဝင်ဘာ၂၅

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပသော နိုင်ငံရေးစီမံ ခန့်ခွဲမူ(ဆင့်ပွား) သင်တန်း (၁/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်၌ မြို့နယ်ပါတီကော်မတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပါတီကျစ်လျစ်ခိုင်မာရေး တိုင်း ခရိုင် မြို့နယ် ရပ်ကွက်နှင့် ကျေးရွာပါတီဝင်များတွေ့ဆုံ

နိုဝင်ဘာလ (၂၅) ရက် (၁၃း၁၀) အချိန်၌ ဒဂုံအရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် တိုင်း ခရိုင် မြို့နယ် ရပ်ကျေးပါတီအဖွဲ့ များတွေ့ ဆုံ၍ ပါတီကျစ်လစ်ခိုင်မာရေးအတွက် ဆွေးနွေးခဲ့ကြပါသည် ။

အခမ်းအနားသို့  တိုင်းပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ အရှေ့ ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်နှင့် ဦးမျိုးဝင်း ကျော်၊ ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ ရပ်မိရပ်ဖ ဦးအောင်ဆန်းလင်း၊ မြို့ နယ်ပါတီဥက္ကဌ ဦးမြင့်ခိုင်နှင့် ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီအဖွဲ့ များ တက်ရောက်ကြပါသည် ။

ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပခြင်း

(၂၇-၁၁-၂၀၁၇) ရက်နေ့ နေ့လည်(၁၄း၃၀) အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ (ဖလား) လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တာလေမြို့၊ အမှတ် (၃၁၆) တပ်ရင်းရှေ့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုဝင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရန်ကုန်) ၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးလှသိန်း၏ ရှင်းလင်းဖြေကြားချက်များ

မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုဝင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရန်ကုန်) ၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၏ ရှင်းလင်းဖြေကြားချက်များ

ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြတဲ့ သတင်းမီဒီယာသမားများ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ နိုင်ငံတော်မှာ လတ်တလောဖြစ်နေတဲ့ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ရှင်းလင်းမှာဖြစ်ပါတယ်။ အဲဒါကတော့ –

ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်

ကော့မှူး နိုဝင်ဘာ ၂၂