

မကွေး၊ မေ ၊ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီမှ စတင်၍ တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး၊ တိုင်းပါတီကော်
မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီ ဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်ကော်မတီဝင် ဦးအောင်နိုင်၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူးမြို့နယ်တို့မှ အခမ်းအနား
ကျင်းပရေး အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါလူငယ်နှီးနှောဖလှယ်ပွဲကို ယခုလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးနှင့် ပါတီကော်မတီဝင် များသည် ယနေ့ နံက် (၁၀း၃၀)တွင် လက်ခုပ်ပင်ကျေးရွာအုပ်စု ရေပူအင်း ကျေးရွာရှိ ပါတီဝင်အသစ်များနှင့် တွေ့ဆုံ၍ ကျေးရွာ ရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ မတည်ဆောက်လုပ်ပေးခဲ့သည့် ကိုယ်ထူကိုယ်ထ တွဲဘက် အမက ကျောင်းဆောင် အတွက် လိုအပ်ချက်များ တွေ့ဆုံ မေးမြန်း ညှိနှိုင်း ခဲ့ကြပါသည်။
ကျောက်မဲမြို့ ( ၈ ) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင်အောင်မင်္ဂလာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအသင်း နှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ အထွေထွေရောဂါကုဆေးခန်း မှ ယနေ့ ၂၀၁၈ မေလ ၁၆ ရက်နေ့တွင် သံဃာတော်များအပါအဝင် လူနာပေါင်း ၂၁ ဦး ကိုအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည် ။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူးလျက် ညောင်ဝိုင်းကျေးရွာမှ ပါတီဝင် များ တွေ့ဆုံပွဲနှင့် ရွာအဝင်လမ်းအတွက် ငွေလှူ ဒါန်းပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မအူပင် မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ညောင်ဝိုင်း ကျေးရွာပါတီဝင် ဦးမြင့်ဌေး၏နေအိမ်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် သင်တန်းကျောင်းခန်းမဆောင်၌ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်ကျင်းပသော စည်းရုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်သုံးသပ်ခြင်း အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် အစုအဖွဲ့ခေါင်းဆောင်များမှ မိမိတို့တာဝန်ယူထားသည့် စာတမ်းခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးက တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးကာ လိုအပ်ချက်များ ဖြည့်စွက်မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
၁၅-၅-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီတိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း ၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းတို့သည် ချမ်းအေးသာစံမြို့နယ် ငြိမ်းချမ်းရေးကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော် ဦးနရိန္ဒ အားဖူးမျှော်ကာ ကျောင်းတိုက်အတွင်း ဆရာတော် ဦးနရိန္ဒ ဦးစီးဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ်နှင့်ယဉ်ကျေးလိမ္မာသင်တန်းသား/သင်တန်းသူများအား အဟာရမုန့်များကျွေးမွေးလှူ ဒါန်းခဲ့ပါသည်။
ငြိမ်းချမ်းရေးကျောင်းတိုက်တွင် ဓမ္မစကူးလ်နှင့်ယဉ်ကျေးလိမ္မာသင်တန်းအားဆရာတော် ဦးနရိန္ဒမှ ဦးစီး၍ နေ့စဉ် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီထိဖွင့်လှစ်ပြီး သင်တန်းသား/သင်တန်းသူ ၁၅၀ ဦးတို့တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျမြို့သစ်ရပ်ကွက် အကွက် (၁) တွင် ၁၅-၅-၂၀၁၈ ရက်နေ့ နေ့လည် (၁၁း၂၀) နာရီအချိန်ခန့်တွင် ချို့ယွင်ပျက်စီးနေသော မီးခလုပ်မှ ၂၀၀၀ W ဒီဂျယ်တယ်မီးဖိုနှင့် ထမင်းပေါင်းအိုး အသုံးပြုရာမှ လျှပ်စစ်မီးကြိုးအပူလွန်ကဲ့၍ မီးလောင်းမှုတစ်ခုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်းမှုကြောင်းသွပ်မိုး၊ ၀ါးကာ၊ ပျဉ်ခင်း လူနေအိမ် (၁၅)လုံး မီးလောင်ကျွမ်းခဲ့ပြီး ဖြိုဖျက်နေအိမ်(၂)လုံး စုစုပေါင်းနေအိမ်(၁၇)လုံး အိမ်ထောင်စု(၁၇)စု ကျား (၄၈)ဦး၊ မ(၄၂)ဦး စုစုပေါင်း(၉၀)ဦး နီစပ်ရာဆွေ မျိုးများနေအိမ်နှင့် ဆတ်ရိုးကျရပ်ကွက် ဓမ္မာရုံ၌ ယာယီခိုလှုံလျှက်ရှိရာ အဆိုပါနေရာများသို့ ¤င်းနေ့ ညနေ (၄း၃၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဦးစန်းငွေ ဦးဆောင်ပြီး စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှသွားရောက်ကာ မီးလောင်ကျွမ်းခံခဲ့ရသော အိမ်ထောင်စု တစ်စုလျှင် ငွေ (၁၀၀၀၀ိ)ကျပ်စီနှင့် အ၀တ်အထည်များလှူဒါန်းခဲ့ကြပါသည်။
ရန်ကုန်၊ မေ ၁၅