မြစ်ကြီးနား မတ် ၂ဝ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသ ခေါင်ဖူးလောကမာရဇိန်မဟာ စေတီတော် စိန်ဖူးတော်တင်လှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင် ပင်ခံ ဦးသိန်းဇော် တက်ရောက်ခဲ့သည်။
အဆိုပါ စိန်ဖူးတော်တင်လှူပွဲကို ယနေ့နံနက် ၉ နာရီတွင် ကချင်ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ကချင်ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီး၊ စိန်ဖူးအလှူရှင် မံစီမြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးထွန်းထွန်းနှင့်ဇနီးမိသားစု၊ ဥပသကာများ၊ ဖိတ်ကြားထားသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။