
ကျောက်ဆည်၊ မေ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၈ နာရီခွဲက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ကလိုင်ကျော် ကျေးရွာအုပ်စု ကလိုင်ကျော်ကျေးရွာတွင် ကျင်းပသော ရပ်/ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားအား နိုင်ငံတော်အလံကိုအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။












