တနိုင်းမြို့တွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ၁/၂ဝ၁၈ ဖွင့်လှစ်

 

ကချင်ပြည်နယ် တနိုင်းမြို့တွင် နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း ၁/၂ဝ၁၈ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့ရာ ကချင်ပြည်နယ် ပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးသိန်းထွန်းအေး၊ မြစ် ကြီးနားခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းဖေ၊ ဗန်းမော်ခရိုင် ပါတီကော်မတီ ဝင် ဦးဇော်မင်းရင်၊ တနိုင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကိုနှင့်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ သင်တန်း သား သင်တန်းသူများ စုစုပေါင်း ၇၅ ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော် သီချင်းသီဆိုကြပြီး မြစ်ကြီးနားခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းဖေက အမှာစကားပြောကြားခဲ့သည်။

ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရမ်းဇမ်းကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုအားငွေလှူဒါန်း

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များသည် ယခုလ ၁၂ရက် ည ၈နာရီတွင် လေပြင်း မုန်တိုင်းတိုက်ခတ်ပြီး ဦးဌေးကြီး-ဒေါ်အိမ်မြဲတို့၏ အိမ်တစ်အိမ်ပြိုကျ ပျက်စီးခဲ့သည်။ ထို့ကြောင့် ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စီမံဘဏ္ဍာရေးမှူး ခရိုင်ကော်မတီဝင် ဒေါ်မြသန္တာဦး၊ မြို့နယ်ကော်မတီဝင် ဦးအေးကျော်ခိုင်၊ နယ်မြေတာဝန်ခံဒေါ်အေးမြသူ၊ အောက်ညဥ့်ကျေးရွာစည်းရုံးရေးမှူးဦးစန်းရွှေတို့နှင့်အဖွဲ့တို့သည် ယနေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ ဦးဌေးကြီးအိမ်တွင် ငွေကျပ် ၄ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်နှင့်မြို့နယ်ပါတီဝင်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုဗ္ဗသီရိမြို့နယ် ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ် ကော်မတီဝင်များ လုပ်ငန်းညှိ နှိုင်းအစည်းအဝေး ကျင်းပ ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေကော် မတီဝင် မြို့နယ်တာဝန်ခံ ဦးနိုင်လင်းသောင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံဦးတင်ဆန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့်မြို့နယ်ကော်မတီဝင်များ တက်ရောက် ခဲ့ကြ၍ ပါတီလှုပ်ရှားဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပါတီများနှင့်ဒီမိုကရေစီဆိုင်ရာဒိန်းမတ်အင်စတီကျုမှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံ

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ပါတီ များနှင့်ဒီမိုကရေစီဆိုင်ရာဒိန်းမတ် အင်စတီကျု(DIPD)မှ တာဝန်ရှိသူ များအား ယနေ့ နံနက် ၉ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ် နေပြည်တော် ဧည့်ခန်းမ(၅)တွင် လက်ခံတွေ့ဆုံ သည်။

မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း

 

၂၈.၆.၂၀၁၈ ၊ မွန်းလွဲ(၂:၀၀) နာရီအချိန် မိုင်းပျဉ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်း၌ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုပါတီကော်မတီဝင် ဦးစိုင်းထွန်းစိန် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ လူငယ်ပါတီကော်မတီဝင်များတို့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပါသည်။
ဆက်လက်၍ ကျိုင်းတုံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးမှ နေပြည်တော် လူငယ်တွေ့ဆုံပွဲသွားရောက်ခဲ့သည့် မိုင်းပျဉ်းပြည်ခိုင်ဖြိုးလူငယ်ပါတီဝင်များအား ထောက်ပံ့ငွေကျပ် (၁) သိန်းကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းက လူငယ်များထံအပ်နှံပါသည်။

ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အမှာစကား​ပြောကြား

 

ဇွန်​(၂၈)၊​ကျောက်​ဆည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ​တွေ့ဆုံပွဲအခမ်းအနားကို ​ယ​နေ့ နေ့လည် ၂ နာရီက ​ကျောက်​ဆည်​ခရိုင်​ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်​ ပြုလုပ်ကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​ အမှာစကား​ပြောကြားခဲ့သည်​။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

ယနေ့ ၂၈ – ၆ – ၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေးတို့ တက်ရောက်ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟိုအလုပ်အမှုဆောင်/မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) ဦးလင်းဇော်ထွန်း၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ် လှုပ်ရှားမှုများ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ ရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်/ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းသည် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့်ဦးအားကို တို့နှင့်အတူ (၂၈.၆.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ခန်းမဆောင်၌ ကျင်းပပြုလုပ်သော မိုင်းဖြတ်မြို့နယ် မီးလင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်အုပ်စုစာရေးများ၊ မိုင်းဖြတ်မြို့နယ်တွင် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကန်လုံ ရေအားလျှပ်စစ်ကုမ္မဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မိုင်းဖြတ် မြို့နယ်တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ပါသည်။

တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​အား ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး သွား​ရောက်​ဖူး​မျှော်​ကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်း

 

ဇွန်​(၂၈)၊မန္တ​လေး

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့နံနက်​ ၁၀ နာရီခွဲ​က မဟာဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မတ္တရာသူဌေးကျောင်းဆရာတော်ဘုရားကြီး၊ ဘဒ္ဒန္တမာနိတသီရိဘိဝံသ (သက်တော် ၈၄ နှစ်၊ ဝါ​​တော် ၆၄ ဝါ)၏ ရုပ်​ကလာပ်​​တော်​ အပူ​ဇော်​ခံထားရှိရာ မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ ၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊​ အောင်​​မြေသာစည်​အလယ်​​ကျောင်းကြီးသို့​ ရောက်​ရှိလာပြီး ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​တော်​အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်းခဲ့သည်​။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီအလံအသစ်တင်ပွဲအခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

 

ရန်ကုန် ဇွန် ၂၇