ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စာသင်ကျောင်းအတွင်း သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန် ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌဦးလှမြင့်ဦးဆောင်၍ ပါတီဝင်အင်အား ၂ဝ ဖြင့် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် အလက(၂)စာသင်ကျောင်းဝင်း အတွင်းရှိ ချုံနွယ်များနှင့် မြက်ပင်များကို ကျောင်းသားများ အန္တရာယ်ကင်းစွာ စာသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက မြက်ရိတ်စက်နှစ်လုံးဖြင့် စုပေါင်းရှင်းလင်း၍ သန့်ရှင်း ရေး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ကျောက်ကြီး ဇွန် ၇

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးလှဘုန်းနှင့် မြို့နယ်ကော်မတီဝင်များသည် ယခုလ ၅ ရက်တွင် အင်းနက်ကျေးရွာအုပ်စု ကျွဲတလင်းကျေးရွာနှင့် မမရမ်း ကျေးရွာအုပ်စု ထိုက်ထူ၊ စဖျင်ကြီးကျေးရွာများမှ အုပ်စုပါတီဥက္ကဋ္ဌများနှင့် ကျေးရွာပါတီဝင်များအား နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ တွေ့ဆုံ ခဲ့သည်။

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ထီးလင်း၊ ၇.၆.၂၀၁၈

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်ပါတီဥက္ကဌ ဦးသိန်းဆွေ၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နွဲ့နွဲ့စန်း၊ ခရိုင်လူငယ်တာဝန်ခံ ဦးဇော်ဦး နှင့် ထီးလင်မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး ပါတီလုပ်ငန်း များ စည်းရုံးရေးလုပ်ငန်းများ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းများ ပွင့်လင်းစွာ ဆွေးနွေးတင်ပြခြင်း ဆုံးဖြတ်ခြင်းများ ပြုလုပ်ကြပါသည်။ အဆိုပါ လစဉ်ပုံမှန်အစည်းဝေးကို နံနက် ၉ နာရီမှ စတင်ပြီး နေ့လည် ၁၂ နာရီတွင် ပြီးမြောက်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း မော်လမြိုင်ကျွန်း ဘိုကလေးနှင့် ဖျာပုံမြို့နယ်ကော်မတီဝင်များ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဖျာပုံ ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ပါတီနှစ်စဉ်ကြေး ပထမအကြိမ်စုပေါင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

မန္တလေး ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ ခုနှစ်အတွက် ပါတီနှစ်စဉ်ကြေး ပထမအကြိမ် စုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီများ လစဉ်ပုံမှန်အစည်းအဝေး အမှတ်စဉ်(၄/၂ဝ၁၈)ကျင်းပခြင်း အခမ်းအနားတို့ကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ်မှဥက္ကဋ္ဌများ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဌေးဝင်း နှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၂၅ ဦးတက်ရောက်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကွမ်ရှီးပြည်နယ် ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့သွားရောက်လေ့လာ

 

ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက်၈နာရီခွဲက ကွမ်ရှီးပြည်နယ် (GuangXi) ကျွမ့်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Baise မြို့ Youjiang ခရိုင် Hope Town လွတ်မြောက်အောင်ဆောင်ရွက်နေမှု အခြေအနေများအား ကျေးရွာအုပ် ချုပ်ရေးမှူးက ရှင်းလင်းဆွေးနွေး ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဝင်များက သိရှိလိုသည်များကိုမေး မြန်းဆွေးနွေးခဲ့ကြသည်။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော်၊ ဇွန် ၇

ယနေ့ ၇ – ၆ -၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၃၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးလူရယ်ဖိုးလူနှင့် ဦးကိုရယ်၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေတို့ တက်ရောက်ကြောင်း သိရှိရသည်။

‌မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ကွမ်းအုံးကျေးရွာရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးကျော်နိုင်စိုး၊ ဦးဌေးလှိုင်၊ ဦးဝင်းမောင် တို့သည် ကွမ်းအုံးကျေးရွာရှိ ပါတီဝင်များဖြင့် ၇.၆၂၀၁၈ ရက်နေနံနက် (၁၀) နာရီတွင် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများတို့ ပြုလုပ်ခဲ့ပါသည်။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇနီးတို့မှ ​ရှေး​ဟောင်းဘုရား​ကျောင်း​ဆောင်​ပြုပြင်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၂၀) လှူဒါန်း

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇနီး​ ​ဒေါ်ခင်​မျိုး​ဌေးတို့ သည်​ (၇.၆.၂၀၁၈) ရက်​​နေ့ နံနက် ​(၁၀း၃၀) အချိန်​တွင်​ တာပါယ်​​ကျေးရွာအုပ်​စု၊ သဲ​တောကန်​​ရွာဦးကျောင်းသို့ သွား​ရောက်​ပြီး ​ကျောင်းထိုင်​ဆရာ​တော်​ ဦးကုသလအား ဖူး​မျှော်​ကန်​​တော့ကာ ​ရှေး​ဟောင်းဘုရား​ကျောင်း​ဆောင်​ပြုပြင်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၂၀) နှင့် လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​လှူဒါန်းခဲ့ပါသည်​။