ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်နှင့် အလံအသစ်တင်မင်္ဂလာအခမ်းအနားပွဲ ကို ယနေ့နံနက် ၉ နာရီက ဝေါမြို့နယ် ဘုရားပျိုကျေးရွာနှင့် နံနက် ၁ဝ နာရီက ကမာကဘန်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်နှင့် အလံအသစ်တင်မင်္ဂလာအခမ်းအနားပွဲ ကို ယနေ့နံနက် ၉ နာရီက ဝေါမြို့နယ် ဘုရားပျိုကျေးရွာနှင့် နံနက် ၁ဝ နာရီက ကမာကဘန်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။
(၆.၇.၂၀၁၈) ရက်နေ့ (၁၃း၃၀)အချိန်တွင် အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဒေါ်စောမြိုင်၊ မြို့နယ်ကော်မတီဝင် ဒေါ်ဇာလီထွန်း၊ ဦးဇော်အောင်ထက်၊ ဦးသက်နိုင်ဝင်းတို့သည် ပန်းချီကျေးရွာအုပ်စု၊ ကုက္ကိုရွာသို့နယ်မြေကွင်းဆင်းပြီး အမျိုးသမီးများတစ်ပိုင်တစ်နိုင်ဝင်ငွေရရှိစေရေးအတွက် ဘက်စုံသုံးဆပ်ပြာပြုလုပ်နည်းအဆင့်ဆင့်၊ သဘာဝခေါင်းလျော်ရေပြုလုပ်နည်း အဆင့်အဆင့်တို့အား လက်တွေ့ပြုလုပ်ကာရှင်းလင်းပြသခဲ့ပါသည်။
နေပြည်တော် ဇူလိုင် ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Dr.Nekolay Listopadov အား ယနေ့နံနက်(၁၀း၀၀) အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံပါတီအချင်းချင်းဆက်ဆံရေးနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (ရှမ်း/ရှေ့) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်းသည် ယနေ့ (၆.၇.၂၀၁၈)၊ နံနက် (၈) နာရီအချိန်တွင် ရပ်ကွက်/ကျေးရွာအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တွေ့ဆုံအစည်းအဝေးအား တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည် ။
ထို့နောက် ဗဟိုကော်မတီဝင် ဦးဝိလ်ဆင်မိုး၊ ခရိုင်ဥက္ကဌ ဦးဘိုစံနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ကော်မတီဝင်များနှင့် ဆက်လက်တွေ့ဆုံ၍ ပါတီ၏လုပ်ငန်းဆောင်ရွက်မူအခြေအနေများ သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ကိုညှိနိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ယနေ့အစည်းအဝေးတွင် ရပ်ကျေးဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန် ကျန်ရှိနေသေးသော ရပ်ကျေးများအား တာဝန်ပေးအပ်ပွဲကျင်းပရန်နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ပါတီဝင်မိသားစုများ၏ရင်သွေးများအား ဂုဏ်ပြုပေးနိုင်ရေးကိစ္စများ၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ပညာရေးထောက်ကူပြုစာရေးကိရိယာများ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် အမာခံကျေးရွာများသို့ ကွင်းဆင်းရန် ဆုံးဖြတ်ခဲ့ကြ
ကြောင်းသိရှိရပါသည် ။
မိုးကောင်း။ ဇူလိုင် ၆
ကချင်ပြည်နယ် မိုးကောင်းမြို့ အထက်ရှမ်းစု လျက်စစ်ဓာတ်ဓါတ်အား ခွဲရုံအနီး ရှမ်းမျိုးနွယ်စု ဓမ္မာရုံအဝင်းထဲတွင် ဖူဆယ် ဘောလုံးအားကစားကွင်းအဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈း၀၀ နာရီအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုးတို့သည် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဖူဆယ်ဘောလုံးအားကစားကွင်း ဖွင့်ပွဲအခမ်းနားသို့ စည်ကားစွားဖြင့် တက်ရောက်ခဲ့ပါသည်။
၅.၇.၂၀၁၈ရက်နေ့ ဒေးဒရဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး ၊ နယ်မြေတာဝန်ခံနှင့်ကော်မတီဝင်များသည် ကျောက်စရစ်ကျေးရွာအုပ်စုနှင့် အစဲကလေးကျေးရွာအုပ်စုရှိ ရပ်မိ/ရပ်ဖများ ပါတီဥက္ကဋ္ဌ၊ လူငယ်အမျိုးသမီး၊ အမာခံပါတီဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံပြီးစာသင်ကျောင်းများသို့ ဗလာစာအုပ်နှင့်စာရေးကရိယာများ လှူ ဒါန်းပေး ပြီး သက်ကြီးအဘိုးတစ်ဦးအား အလှူ ငွေလှူ ဒါန်းကုသိုလ်ပြုခဲ့ကြပါသည်။
ရန်ကုန် ဇူလိုင် ၅
နတ်တလင်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ယခုလ ၃ ရက် ညနေ ၄ နာရီက တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး(ဗဟိုပါတီ ကော်မတီဝင်)၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကျော်ကျော် လင်း၊ ကော်မတီဝင် ဦးကျော်ဝင်း အဖွဲ့တို့ ရောက်ရှိလာပြီး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးတင့်လွင်၊အတွင်း ရေးမှူး ဦးမြစိုးနှင့် ပါတီကော်မတီ ဝင်များ တွေ့ဆုံဆွေးနွေးခဲ့သည်။