ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီက တိုင်းပါတီကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင် တိုင်းဒေသ ကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ကြသည်။