တမူး ဇွန် ၂၄
တမူးခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီ လာခံအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁ဝ နာရီက တမူး ပြည်ခိုင်ဖြိုးပါတီ ရွှေခြင်္သေ့ခန်းမ တွင် ကျင်းပသည်။
တမူး ဇွန် ၂၄
တမူးခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီ လာခံအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁ဝ နာရီက တမူး ပြည်ခိုင်ဖြိုးပါတီ ရွှေခြင်္သေ့ခန်းမ တွင် ကျင်းပသည်။
ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ် ( ဆ) ရပ်ကွက်တွင် မန်းလေးခရိုင် ကော်မတီဝင်နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ညိမ်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ ကိုစံရ(ဘဏ္ဍာရေးမှူး)l မြို့နယ်ကော်မတီဝင် ဦးမြင့်ဇော်၊ အရန်ကော်မတီဝင် ဦးစောနိုင်တို့နှင့် ရပ်ကွက်ပါတီဥက္ကဌ၊ ရပ်ကွက်ကော်မတီဝင်များအား ကွင်းဆင်းထိတွေ့ခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းခန်းမတွင် နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီခွဲအချိန် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ တက်ရောက် အဖွင့် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းသားများအား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ဘဏ္ဍာရေးမှူး ဦးဇော်မင်းနောင်တို့နှင့်အတူ ဇွန်၂၁ ရက်နေ့က အမက ၁ သို့ သွားရောက်ပြီး ကျောင်းသား/သူ ၃၈ ဦးအား တစ်ဦးလျှင် ၅ အုပ်နှုန်းဖြင့် ကျောင်းသုံးဗလာစာအုပ် ၁၉၀ အုပ်အား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြပါသည်။
ဇွန်လ ၁၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့ကျက်သရေဆောင် ရှေ့ဟောင်းသမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပြိုကမှုကြောင့် သာဓနိကအဆောင်အဦးများ ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်မွန်းမံ့ရန် ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ပေးပို့လှူဒါန်းသည့် ငွေကျပ်သိန်း ( ၁၀၀ )အား မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် အဖွဲ့ဝင်များမှ ယနေ့ မွန်းတည့် ၁၂ နာရီတွင် သွားရောက် လှူဒါန်းပါသည်။
သိဒ္ဓိအောင်ပန်းဘုန်းကြီးဆရာတော် ဥူးသောမဦးစီး၍ မကွေးတိုင်းရေဘေးကယ်ဆယ်ရေးအတွက် ၇ ရက်သားသမီးများမှ စုပေါင်းလျူဒန်းသော ဆန်နှင့်စားစရာ အဝတ်အထည်ဆေးဝါးများ စုပေါင်းလှူဒန်းပွဲကို ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ကော်မတီဝင်များမှ ဆန် ၁၀ အိတ်နှင့် ခေါက်ဆွဲခြောက် အထုပ် ၂၀၀၀ အား ကံမမြို့နယ် ရွှေတောရွာ၊ သရက်တောရွာ၊ ဥသျှစ်ချိုရွာ၊ အင်ဖက်တောကျေးရွာ ရေဘေးသင့်ပြည်သူများအား ၂၃. ၆ .၁၈ ရက်နေ့ သွားရောက်လျူဒန်းနိုင်ရန် ဆိပ်ကမ်းမြို့နယ် ပန်းဘုန်းကြီးကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်လာရောက်လျူဒန်းခဲ့ပါသည်။
မအူပင် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်အတွင်းရှိ မိခင်ဝိုင်းများသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ် ခြင်းကို ယမန်နေ့က လေးအိမ်စုကျေးရွာနှင့် မလက်တိုကျေးရွာများ ၌ ပြုလုပ်ရာ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင်ဦးကျင်ဝင်းနှင့် ဦးသိန်းအောင်တို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက တိုက်နယ်တာဝန်ခံ ဦးသောင်းအေး၊ ရဲနွဲ့ကျေးရွာပါတီ ဝင်များနှင့်အတူ ရဲနွဲ့ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှမင်းဇော်- ဒေါ်ခင်အေးခိုင်တို့၏သား မောင်ရှိုင်းထက်အောင်(၂ဝ၁၈တက္ကသိုလ် ဝင်တန်းအောင်)အား ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၅ဝဝဝဝကို နေအိမ်သို့သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)
နေပြည်တော် ဇွန် ၂၁
နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ဥတ္တရသီရိမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရန်ကုန် ဇွန် ၂၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့ Yunan Normal University တွင် ယနေ့မှ ယခုလ ၂၈ ရက်အထိ ကျင်းပမည့် ‘Community Summit’ ဆွေးနွေးပွဲတက်ရောက်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဌာနခွဲမှူး ဦးတင်ထူးခေါင်းဆောင် သည့် အဖွဲ့ဝင် ၁ဝဦးပါ ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် တရုတ်လေ ကြောင်း ခရီးစဉ် CA415 နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှကူမင်းမြို့သို့ ထွက်ခွာသည်။