ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီအလံအသစ်လဲလှယ်ခြင်းနှင့် နိုင်ငံရေးဆွေး နွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီအလံအသစ်လဲလှယ်ခြင်းနှင့် နိုင်ငံရေးဆွေး နွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
၂၇.၆.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများတွင် ပါတီအောင်လံတော် အသစ်လွှင့်တင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပါတီဥက္ကဌ ဦးလှသာထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးမောင်လှဝေနှင့် ခရိုင်မြို့နယ် ပါတီကော်မတီများ၊ ရုံးဝန်ထမ်းအဖွဲ့များ တက်တက်ကြွကြွ ပါဝင်ဆင်နွဲခဲ့ကြပါသည်။
ရန်ကုန် ဇွန် ၂၇
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှဦးစီးသော မြို့နယ်လုံးဆိုင်ရာ အမျိုးသမီးထု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သည် မြို့နယ်အတွင်းရှိ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် နွမ်းပါးသောကိုယ် ဝန်ဆောင်မိခင်များ၊မသန်စွမ်း ကလေးသူငယ်များကို လစဉ်ကူညီ ထောက်ပံ့ပေးမှုများရှိခဲ့ရာ ယနေ့ ညနေတွင်လည်း အမျိုးသမီးကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်သား ဖွားခါစမိခင်နှင့် နောက်ထက်အဖွဲ့ ဝင်တစ်ဦး၏ မိခင်နာရေးကိုပြည် ခိုင်ဖြိုးပါတီအရှေ့ပိုင်းခရိုင်ဘဏ္ဍာ ရေးမှူးဦးဝဏ္ဏမျိုး၊ မြို့နယ်ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့်မြို့နယ်ကော် မတီဝင်များ၊အမျိုးသမီးထုအဖွဲ့ဝင် များ၊ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော် မတီဝင်များဖြင့် သွားရောက်ကြည့် ရှုကာ ကူညီပံ့ပိုးမှုများပေး၍ အား ပေးစကားပြောကြားခဲ့သည်။
ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး ကြည့် မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ်အရေးအား ပြည်သူသို့ ချပြဆွေးနွေးပွဲ အခမ်း အနားကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်တွင်မုန်းချောင်းရေကြီးမှုကြောင့် ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်မှ ကာကွယ်ခြင်းလုပ်ငန်းများကို ပြည်ခိုင် ဖြိုးပါတီဝင်များသည် ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအဖွဲ့၊ ဒေသခံပြည်သူ များနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။
ယခုလ ၂၄ ရက်နေ့မှစ၍ ဆောင် ရွက်ခဲ့ရာ ယနေ့အထိ ဆောင်ရွက်နေဆဲ ဖြစ်ပြီး ကမ်းပါးပြိုကျမှု အရေးပေါ် ကာကွယ်ထိန်းသိမ်းရခြင်း ဖြစ်သည့် အတွက်ငွေကြေးနှင့်လုပ်အားများလိုအပ် လျက်ရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပြည်ထောင်စုနယ်မြေရုံးရှေ့၌ ယနေ့နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုး ပါတီ အလံသစ်ပြောင်းလဲလွှင့်တင်ခြင်း အခမ်းအနားကျင်းပခဲ့ပြီး နိုင်ငံအနှံ့ မြို့နယ်များတွင်လည်း ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား တစ်ပြိုင်နက် လွှင့်တင်ခဲ့ သည်။
၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ( ၈း ၃၀ ) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ခဲ့ပါကြသည်။
အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ ဘဏ္ဍာရေးမှူး ဦးမောင်ကျော်ဇံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်စိန်အောင်၊ ဦးစောမောင်သိန်း ၊ ဦးအောင်စံမြ ၊ ဦးထွန်းစံမောင် တို့နှင့်အတူ ပါတီရုံးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။
ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းနိုင်ဦး၊ မကွေးခရိုင် အရံကော်မတီဝင် ဦးဇော်လွန်းအောင်၊ ချောက်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းလိုင်၊ မြို့နယ်ကော်မတီဝင်များ ၊ ရပ်/ကျေးဥက္ကဌ များ အင်အား (၃၀) ဦးတို့ မှ ချောက်မြို့နယ်ပါတီရုံးနှင့် အမှတ် (၅) နယ်မြေ ရွှေသူဌေးကုန်းရပ်ကွက်ရုံးတို့ တွင် ပြည်ခိုင်ဖြိုးပါတီအလံသစ်အား ယနေ့နံနက် ၉ နာရီ အချိန်တွင် အလံလွှင့်ထူခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှပါတီအလံအသစ်တင်ခြင်းအခမ်းအနားနှင့်ပါတီဆိုင်းဘုတ်အသစ်တင်ပွဲအခမ်းအနားကိုယနေ့(27-6-2018)နံနက်(9:00)အချိန်တွင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌မြို့နယ်ပါတီဥက္ကဌဦးလင်းအောင်အောင်မှဦးဆောင်၍မြို့နယ်ပါတီကော်မတီဝင်များ-မြို့နယ်လူငယ်ကော်မတီဝင်များနှင့်ရပ်ကျေးဥက္ကဌများနှင့်ရပ်ကျေးကော်မတီဝင်များဖြင့်စည်းရုံးညီညွှတ်စွာဖြင့်အောင်မြင်စွာကျင်းပခဲ့ပါသည်။
Chan Mya Aye
မြေပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအလံသစ်အား ယနေ့ (27- 6-2018) ရက်နေ့ နံနက် (11:00) နာရီတိတိအချိန်တွင် ဥက္ကဌ ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ၊ ဘဏ္ဍာရေးမှူးး ၊ မြို့နယ်ကော်မတီများနှင့်ရုံးဝန်ထမ်းများအားလုံး အလံသစ်အားလွှင့်ထူခဲ့ကြပါသည်။