မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအားသွားရောက်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ ယမန်နေ့နံနက် ၈နာရီမှစတင် ကာ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခဲ့သည်။

ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများပေးအ

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာ ရှင်များစုပေါင်း၍ သနပ်ပင်မြို့နယ် ကျွဲဖြူချောင်းကျေးရွာတွင် ဒီရေ ဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ် သည့် အိမ်ထောင်စုပေါင်း ၃၅ဝ ကျော်အား ရေသန့်ဘူး၊ ခေါက်ဆွဲ ခြောက်၊ အဝတ်အထည်၊ အချိုရည် ဘူးနှင့် အခြားအိမ်သုံးပစ္စည်းများ ယနေ့မွန်းလွဲပိုင်းက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင် အသစ်များ ဝင်ရောက်ရန်အဆိုပြု ဗဟိုအတွင်းရေးမှူး တက်ရောက်ကြိုဆို

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သို့ ဝင်ရောက်ရန် ပါတီဝင်သစ် (၁၆၀၈) ဦးတို့က ပါတီဝင်အဆိုပြလွာများ စုပေါင်းပေးအပ်ခဲ့ပါသည်။
ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် တက်ရောက်ကြိုဆို နှုတ်ခွန်း ဆက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် ပါတီကော်မတီဝင်များလည်း တက်ရောက်ခ့ကြပါသည်။

အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပါတီရုံးတွင် ဆရာတော်သံဃာတော်ကြီးများအားပင့်ဖိတ်၍ နေ့ဆွမ်းကပ်လှူခဲ့ပြီး၊ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ဝတ္ထုများလည်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

အောင်လံမြို့နယ် ပါတီကော်မတီအဖွဲ့ဝင်များ၊ ပါတီဝင်များနှင့်အတူ ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး ၊ အတွင်းရေးမှူး ဦးဆန်းညွန်းအောင်နှင့် ကော်မတီဝင်များ တက်ရောက်ပြီး ဆရာတော်ကြီးများထံမှ တရာတော်များကို အတူတကွ နာယူခဲ့ ကြပါသည်။

ကျောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပညာရည်ချွန်ဆုပေးပွဲဗဟိုအတွင်းရေးမှုးနှင့်ဗဟိုအလုပ်အမှုဆောင်များတက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကိုစက်တင်ဘာလ(၂)ရက်နံနက် (၉)နာရီကကျောက်တန်းပြည်ခိုင်ဖြိုးပါတီနှင့်TRI ပညာရေးဖေါင်ဒေးရှင်းတို့ပူးပေါင်း၍ကျာက်တန်းမြို့နယ်အာသောကာရာမပရိယတ္တိစာသင်တိုက်တွင်ကျင်းပကြောင်းသိရှိရသည်။
အဆိုပါပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှုးဦးသန်းထွန်းပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီရန်ကုန်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးပါတီဗဟိုကော်မတီဝင်ဦးအုန်းမြင့်ရန်ကုန်တိုင်းပါတီအတွင်းရေးမှုးဦးသာဝင်းနှင့်တိုင်းပါတီကော်မတီဝင်များတောင်ပိုင်းခရိုင်ပါတီဥက္ကဌနှင့်ကော်မတီဝင်များမြို့နယ်ပါတီဥက္ကဌဦးမောင်မောင်တာနှင့်မြို့နယ်ပါတီကော်မတီဝင်များပညာရည်ထူးခွန်ဆုရကျောင်းသားကျောင်းသူ(၁၉၁)ဦးနှင့်ကျောင်းသားမိဘများနှင့်TRI ပညာရေးဖေါင်ဒေးရှင်းမိသားစုများတက်ရောက်ကြသည်။

အစီအစဉ်အရနိုင်ငံတော်သီချင်းသီဆို၍အခမ်းအနားကိုဖွင့်လှစ်သည်။

ထို့နောက်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီမှအမှာစကားပြောကြားရာတွင်ယနေ့တက်ရောက်လာကြသည့်ပညာရည်ချွန်ဆုရရှိခဲ့ကြသည့်ပါတီဝင်မိသားစုများ၏သားသမီးများနှင့်တွေ့ဆုံရသည့်အတွက်များစွာဝမ်းသာမိပါကြောင်းပြည်ခိုင်ဖြိုးပါတီသည်လူငယ်လူရယ်မျိုးဆက်သစ်များကိုအစဉ်အမြဲမြေတောင်မြှောက်ချီးမြှင့်ခဲ့သည့်ပါတီဖြစ်ကြောင်းပါတီသည်လူ့စွမ်းအားအရင်းအမြစ်ပြည့်ဝပြီးအတွေ့အကြုံ မြင့်မားသည့်ပါတီဝင်များဖြင့်ဖွဲ့စည်းထားသည့်ပါတီဖြစ်၍ပါတီသည်နိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်ရန်အဆင်သင့်ရှိနေသည့်ပါတီဖြစ်ကြောင်းယနေ့ပညာရည်ထူးချွန်ဆုရရှိကြသည့်သားငယ်သမီးငယ်များသည်လည်းနောင်တချိန်နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရရှိသည့်အချိန်တွင်အရည်အသွေးပြည့်ဝသည့်လူငယ်လူရွယ်မျာ့းဖြစ်ရန်ကြိုးစားကြစေခြင်ကြောင်းမှာကြားသည်။

ဆက်လက်၍TRI ပညာရေးဖေါင်ဒေးရှင်းမှပါတီဗဟိုကော်မတီဝင်ဦးအုန်းမြင့်မှပညာရည်ထူးချွန်ဆုချီးမြှင့်ရခြင်းအကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက်ပါတီဗဟိုအတွင်းရေးမှုးနှင့်ပါတီဗဟိုအလုပ်အမှုဆောင်များတာဝန်ရှိပုဂ္ဂိုလ်များလူမှုရေးအဖွဲ့ဝင်များမှပညာရည်ထူးခွန်ဆုရရှိသည့်ပါတီဝင်မိသားစုများ၏သားသမီးများအားဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက်ဆုရရှိသည့်ကျောင်းသားကျောင်းသူများကိုယ်စားပန်းတောစံပြကျေးရွာမှ(၅)ဘာသာဂုဏ်ထူးရှင်မသက်ထက်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးထူးချွန်ဆုရရှိကြသည့်ကျောင်းသားကျောင်းသူများနှင့်အမှတ်တရဓာတ်ပုံရိုက်ကြကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)


ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးဝေလွင် ရေပြာကျေးရွာ ပါတီဝင်လူငယ်များအား သွားရောက်တွေ့ ဆုံအားပေး

 

သြဂုတ်-၃၁

ပုဗ္ဗသီရိမြို့ နယ် သပြေကုန်းအုပ်စု ရေပြာကျေးရွာမှ ပါတီဝင်လူငယ်များ နှင့်တွေ့ ဆုံပွဲ အခမ်းအနားကို ယနေ့ (၃၁.၈.၂၀၁၈) ရက်နေ့  နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင်တို့အား အခမဲ့ မျက်စိစမ်းသပ်ကုသပေး

 

(30-8-2018) နေ့ နေ့လည် (13:00) နာရီအချိန်တွင် သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်​ ပြည်​ခိုင်​ဖြိုးပါတီနှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူး​ပေါင်း၍ မျက်စိဝေဒနာရှင်တို့အား အခမဲ့ မျက်စိစမ်းသပ်ကုသပေးခဲ့ပါသည်။
အဆိုပါမျက်စိစမ်းသပ်​ကုသရေးပွဲတွင် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဥက္ကဋ္ဌ ဦးလွင်​ဦးနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ သန်​လျင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦ​ကျော်​မင်း၊ အတွင်းရေးမှူး ဦးအောင်ကိုဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်​လူငယ်​များနှင့် အမျိုးသမီးများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
အလင်း​ရောင်​​ဖောင်​​ဒေးရှင်​မှ ​ဒေါက်​တာ​နေလင်း ဦး​ဆောင်​​သော မျက်​စိဆရာဝန်​များက ​ဝေဒနာရှင်​ (၁၀၀) ​ကျော်​တို့အား စမ်းသပ်​ကုသ​ပေး​နေကြောင်း သိရှိရပါသည်။

အဓိဋ္ဌာန်ဆရာတော်ကြီး ၇၁ နှစ်ပြည့် မွေးနေ့ပွဲကျင်းပရာသို့ ပေါက်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွားရောက်လှူဒါန်း လုပ်အားဒါနပါဝင်ကူညီ

 

၃၀ . ၈ . ၂၀၁၈ ​ရက်နေ့​ ပေါက်​​တောမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ပြည်​နယ်​​ကော်​မတီ ဦးထွန်း​အောင်​ခိုင်​၊ မြို့နယ်​ဥက္ကဋ္ဌ ဦးခင်​​မောင်​သိန်း၊ အမျိုးသမီး​ရေးရာတာဝန်​ခံနှင့်​အဖွဲ့ဝင်​များ၊ လူငယ်​​ရေးရာတာဝန်​ခံနှင့်​အဖွဲ့ဝင်​များသည်​​ လောကထိပ်​ပန်​ဘုရား၌ အဓိဋ္ဌာန်​ဆရာ​တော်​ကြီး ၇၁ နှစ်​ပြည့်​မွေး​နေ့ကျင်းပရာသို့ သွား​ရောက်​လှူဒါန်းပြီး လုပ်​အားဒါနပါဝင်​ကူညီခဲ့ကြသည်​၊

Rakhine USDP


မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ မီကျောင်းရဲတိုက်နယ်ရှိ ပါတီခေါင်းဆောင်များ နှင့် တွေ့ဆုံ

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော် နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးဝင်းမောင် ၊ ဦးဝင်းခိုင်၊ ဦးတင်ဌေးအောင် တို့သည် မီကျောင်းရဲတိုက်ရှိ ပါတီခေါင်းဆောင်များ နှင့် ၃၀.၈.၂၀၁၈ နေ့ နေ့လည်(၁) နာရီတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။