မြန်အောင် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးညီလာခံအား ကြိုဆို ထောက်ခံသောအားဖြင့် ယမန်နေ့တွင် မကျီးကုန်းကျေးရွာ မကျီးကုန်း မြောက်ရပ် ကံ့ကော်မြိုင်ကျောင်းတိုက်တွင် ဆရာတော်များအား ဝါဆို သင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်များနှင့်အတူ မြို့နယ်ပါတီဥက္ကဋ္ဌဦးနေဝင်းဇော်ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင်များက မကျီးကုန်း-ငှက်ကြီးကွင်း ကျေးရွာချင်းဆက်လမ်းအား သွားလာ ရေးပိုမိုကောင်းမွန်စေရန်အတွက် မြေခင်းပြုပြင်ခြင်းအတွက် လုပ်အားဒါန ပြုခဲ့ကြသည်။
