မြိတ် အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသည့် ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ် ပွဲကို မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၈နာရီခွဲကကျင်းပခဲ့ရာ တိုင်းဒေသကြီး ကော်မတီဝင်ဦးသိန်းလွင်၊ မြိတ်ခရိုင်ပါတီ ဥက္ကဋ္ဌဦးဝင်းဆွေ၊ အတွင်းရေးမှူးဦးအောင်ဇော်မိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြိတ်မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ အတွင်းရေးမှူးကိုကိုကြီး၊ မြိတ်မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာ ပါတီဥက္ကဋ္ဌများ၊ ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၅ဝကျော် တက်ရောက်ခဲ့သည်။


