လွိုင်ကော် – စက်တင်ဘာ ၁၀
လွိုင်ကော် – စက်တင်ဘာ ၁၀
၁၃၈၀ ပြည့် ဝါခေါင်လပြည့်ကျော် ၁၅ ရက်၊ ၂၀၁၈ ခု၊ စက်တင်ဘာလ ၉ ရက် ၊ မြန်မာပြည်၏လွတ်လပ်ရေးမီးရှုတန်ဆောင်၊ အာရှနေဝန်းအရှင်ဆရာတော် ဦးဥတ္တမ၏ ပျံလွန်တော်မူခြင်း ၇၉ နှစ်မြောက်အောက်မေ့ဖွယ်အခန်းအနားသို့ မြောက်ဦးခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ သွားရောက်ပြီးလွမ်း သူ့ပန်းခွေချ ဂါရဝပြု ကန်တော့ခဲ့ကြသည်။
USDP MO
ယနေ့န့နံက် ၉ နာရီအချိန်က ရခိုင်ပြည်နယ်၊ မင်းပြာမြို့ ဦးဥတ္တမပန်းခြံတွင် ပြုလုပ်ကျင်းပခဲ့သည်၊၊
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ လူငယ်ရေးရာအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်၊၊
ပျဉ်းမနား၊ စက်တင်ဘာ ၉
ယနေ့ နေ့လည်က သံတွဲမြို့ လေးမျက်နှာကုန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သော (၇၉) နှစ်မြောက် အထိမ်းအမှတ်ဆရာတော် အရှင်ဦးဥတ္တမနေ့ အခမ်းအနားသို့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး ဦးကြည်ရွှေနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ ရခိုင်စည်တော်အဖွဲ့နှင့် ပါတီဝင်လူငယ်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ သွားရောက်၍ လူငယ်ပါတီဝင်များမှ ရခိုင်စည်တော်တီးခတ်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြု ကန်တော့ခဲ့ကြသည်။
ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပုံမှန်လပတ်အစည်း အဝေးကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များစုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟန်ဝင်းရွှေ(ပေါင်းတည်)
၇၉ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်ရာ အခမ်းအနားအား ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ကာ ဂုဏ်ပြုလွမ်းသူ့ပန်းခွေဆက်ကပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ပြီး နိုင်ငံရေးပါတီအဖွဲ့အစည်းအသီးသီးနှင့် မြို့နယ်လူထုများမှ လွမ်းသူ့ပန်းခွေများဖြင့် စည်ကားသိုက်မြိုက်စွာ မြို့ကိုလှည့်လည်ပြီး လောကမာရ်ဇိန်ဘုရားကြီးသိမ်တော်၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြို့ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ အတွင်းရေးမှူး ဦးမောင်ကျော်တင်နှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ ရုံးဝန်ထမ်းများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ပါတီမှ ပေးပို့သော ၇၉ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ဂုဏ်ပြုသဝဏ်လွှာ ကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းမှ ဖတ်ကြားခဲ့သည်။
မိုးညှင်း စက်တင်ဘာ ၉
မိုးညှင်းမြို့နယ် ဟိုပင်မြို့ (၁၃)ကြိမ် မြောက် ဝါတွင်းကာလ နေ့စဉ် သံဃာ့ ဒါနပိဏ္ဍပါတ် ဆွမ်းလောင်းလှူပူဇော်ပွဲ အတွက် ဒေသပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဆွမ်းဆန်တော်ကိုး အိတ် လှူဒါန်းခဲ့သည်။
ဆွမ်းဆန်တော်အိတ်များ လှူဒါန်းရာ သို့ မိုးညှင်းခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ဝင်းထွန်း နှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလမိုင်နှင့်ကော်မတီဝင်များ၊ ဟိုပင်ဒေသ ပါတီတာဝန်ခံဦးမြဝင်းနှင့်ကော်မတီဝင် များ၊ရပ်ကွက်ကျေးရွာအုပ်စုပါတီကော်မတီ ဥက္ကဋ္ဌများ၊ပါတီလူငယ်ရေးရာအဖွဲ့ဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့သည်။
ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက (၁၈)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ကျင်းပ ရာ ကံလှ(၁၁) မီးငြိမ်းဆရာတော် နှင့်ရွှေရင်အေးကျောင်းတိုက် ဆရာ တော်၊ မင်္ဂလာသီရိအုန်းတောဆရာ တော်၊ ကံလှ (၁၁) မီးငြိမ်းဆရာ တော်ထံမှရှစ်ပါးသီလခံယူဆောက် တည်ကာ ဝါဆိုသင်္ကန်း၊ နေ့ဆွမ်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်များကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုကို ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
မြစ်ကြီးနား စက်တင်ဘာ ၉
ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်းဂျုံ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စား ပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့ နှင့်အဖွဲ့သည် ယခုလ ၇ ရက် နံနက် ၁ဝ နာရီက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား သွားရောက်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒများ ရှင်းလင်းဆွေးနွေးခြင်းနှင့် ပါတီအောင်နိုင်ရေး စည်းရုံးဟောပြော ခြင်းများ ဆောင်ရွက်ခဲ့သည်။