ပြည်ခိုင်ဖြိုးပါတီလေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့

 

မိုးညှင်း စက်တင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ စီမံညွှန်ကြားမှုဖြင့် မိုးညှင်းခရိုင်ပါတီ အရန် ကော်မတီဝင် ဦးခင်မောင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလမိုင်နှင့်ကော်မတီ ဝင်များ၊ ဟိုပင်ဒေသပါတီတာဝန်ခံ ဦးမြဝင်းနှင့်ကော်မတီဝင်များသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ မှ လေဘေးသင့်နေအိမ် ၁၃ လုံး အတွက် နေအိမ်တစ်လုံးလျှင် ငွေ ကျပ်သုံးသောင်းနှုန်းဖြင့် စုပေါင်း ငွေကျပ် ၃၉ဝဝဝဝ ကို သက်ဆိုင် သည့်မိသားစုဝင်များထံ ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၁၃

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ အထက(၁) ကျောင်း ဧကရာဇ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် လူကုန်ကူးမှုတိုက် ဖျက်ရေးစာစီစာကုံး၊ပန်းချီ၊ကာတွန်း ပြိုင်ပွဲ ဆုရကျောင်းသား ကျောင်း သူများအား ဆုပေးပွဲကျင်းပခဲ့ ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ မိတ္ထီ လာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါ တီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည် များ၊ ရပ်မိရပ်ဖ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ပါကြောင်း သိရသည်။

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သရက်လေးပင်ကျေးရွာ ပါတီဝင်များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

မ​ကွေး၊ စက်​တင်​ဘာ ၁၂

မ​ကွေးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​ တို့သည်​ ယမန်​နေ့ နံနက်​ ၁၀ နာရီအချိန်တွင်​ သရက်​​လေးပင်​​ကျေးရွာ၌ ပါတီဝင်​များ၊ ​ရပ်​မိရပ်​ဖများအား​တွေ့ဆုံခဲ့ပြီး မန်​ကျီးကိုင်းကြီးပဲ့ကျ၍ ​နေအိမ်​ပျက်​ဆီးသွား​သော ပါတီဝင်​ ဦးသိန်းလွင်​အား ပြန်​လည်​ပြုပြင်​​ရေးအတွက်​ ​ငွေကျပ်​ ၅ ​သောင်း​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။ ဆက်​လက်​၍ ယ​မန်နေ့ ည
၆. နာရီခွဲအချိန်​တွင်​ ​အေးမြသာယာ​ကျေးရွာ၌ ပါတီဝင်​များအား ​တွေ့ဆုံခဲ့ပြီး ည ၈ နာရီအချိန်​တွင်​ သိင်္ဂါဂီရိရပ်​ကွက်​ရှိ ညပိုင်း ပရဟိတစာသင်​ဝိုင်းသို့ သွား​ရောက်​၍ စာသင်​ခုံ ၃ ခုံ လှူဒါန်းခဲ့​ကြောင်း သိရသည်​။

ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာနှီနှောဖလှယ်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

စက်တင်ဘာ ၁၂

၁၂ – ၉ – ၂၀၁၈ ရက်နေ့ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မကြာမီကျင်းပမည့် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအတွက် မြို့နယ်ပါတီရုံးတွင် အကြိုညှိနှိုင်းအစည်းဝေးပြုလုပ်ကြပါသည်။
အခမ်းအနားတွင် ပခုက္ကူ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးး ဦးမြင့်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးချမ်းမင်း၊ နာယကများ၊ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ စုစုပေါင်း (၇၂) ဦး တက်ရောက်ကြပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ အခြေခံစက်ချုပ်သင်တန်း (၅/၂ဝ၁၈)ဖွင့်

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့၏ အခြေခံစက် ချုပ်သင်တန်းအမှတ်စဉ်(၅/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သိမ်ဖြူ မီးရထား ရပ်ကွက် သာသနာ့ဟိတဓမ္မာရုံ တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင်ဒေါ်စန်း စန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က စက် ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ကျေးရွာများသို့ ကွင်းဆင်းတွေ့ဆုံ

 

တမူး စက်တင်ဘာ ၁၂

တမူးပြည်ခိုင်ဖြိုးပါတီမှခရိုင် ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာတို့ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ခမိတ်ကျေးရွာ နန်မွန်းတားကျေးရွာနှင့် ရန်ငြိန်း အောင် ကျေးရွာများသို့ ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး နယ် မြေကွင်းဆင်းစည်းရုံးရေးဆင်းခဲ့ ကြသည်။