ဇွဲကပင်ဆရာတော်ထံသို့ ပါတီဌာနချုပ်မှ ဆန် ဆီ နဝကမ္မ အလှူငွေအား ကရင်ပြည်နယ်တာဝန်ခံသွားရောက်လှူဒါန်း

 

ဘားအံ စက်တင်ဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည် နယ်တာဝန်ခံဦးသူရိန်ဇော်သည် ယမန်နေ့ နံနက်ပိုင်းက ဇွဲကပင်ဆရာတော်ထံသို့ ပါတီဌာနချုပ်မှလှူဒါန်းသော ဆန်အိတ်၊ ဆီပုံးနှင့် နဝကမ္မအလှူငွေများကို သွား ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ရန်လင်းဖိုင်အမကတွင် ဗလာစာအုပ်များလှူဒါန်း ဝါဆိုသင်္ကန်းဆက်ကပ် ကျောင်းဝင်းသန့်ရှင်းရေးလုပ်အားပေး

 

တမူး စက်တင်ဘာ၂၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တမူးခရိုင်မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ သည် ယမန်နေ့က တမူးမြို့နယ် ရန်လင်းဖိုင်အမကတွင် ဗလာ စာအုပ်လှူဒါန်းခြင်း၊ထင်းဇင်ကျေးရွာဆရာတော်အားဝါဆိုသင်္ကန်း နှင့်နဝကမ္မဆက်ကပ်ခြင်း၊ ဘုန်းကြီးကျောင်းဝင်းအတွင်း သန့်ရှင်း ရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကြိုဆိုဂုဏ်ပြုပွဲ သို့ ခရိုင်မြို့နယ်မှအမျိုးသမီးရေးရာတာဝန်ခံများ၊ ရပ်/ကျေးအမျိုး သမီးရေးရာအဖွဲ့ဝင်များအင်အား ၇ဝ ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြ ပြီး ခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့်ခရိုင်မြို့နယ်မှ ပါတီကော် မတီဝင်များတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျ

 

ကနီ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးယင်းမာ ပင်ခရိုင် ကနီမြို့နယ် မုဌောအုပ်စု ရပ်/ကျေးပါတီဥက္ကဋ္ဌ နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ဇလွန်တွင် ပါတီဝင်အဆိုပြုလွှာများစုပေါင်းပေးအပ်

 

ဇလွန် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပါတီဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ဒေါင့်ကြီး တိုက်နယ် ဒေါင့်ကြီးကျေးရွာအုပ်စပြည်လုံးချမ်းသာတန်ဆောင်းကြီးတွင် ယမန်နေ့ နံနက်ကကျင်းပခဲ့သည်။

ပြင်​ဦးလွင်​မြို့နယ်​တွင်​ ကျင်းပ​​သော “၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

 

စက်​တင်​ဘာ(၂၅)၊ ပြင်ဦးလွင်

 

ပြင်​ဦးလွင်မြို့နယ်​၊ကျွဲနွား​ထောက်​​ကျေးရွာခန်းမတွင်​ ယ​နေ့နံနက်​(၉)နာရီ(၃၀)မိနစ်​မှ(၁၁)နာရီ(၃၀)မိနစ်​အထိ ကျင်းပ​သော“၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ´´အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံတော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ၂၀၁၈ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပြည်​ခိုင်​ဖြိုးပါတီအား ကိုယ်​စားပြု၍ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိုင်းအောင်​ကြည်​အား မဲဆန္ဒရှင်​ပြည်​သူလူထုထံ မိတ်​ဆက်​၍ ၎င်း၏ကိုယ်​​ရေးအကျဉ်းအား တွဲဖက်​အခမ်းအနားမှူး​ဒေါ်ဟန်​နီ​ဇော်​မှ ဖတ်​ကြား​ပေးခဲ့သည်​။

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်​ပြုကြိုဆို​သောအားဖြင့် ​ဆောမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ လုပ်​အားဒါနကုသိုလ်​ပြု​ဆောင်​ရွက်

 

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်​ပြုကြိုဆို​သောအားဖြင့် မ​ကွေးတိုင်း​ဒေသကြီး ​ဆောမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ စက်တင်ဘာ (၂၃) ရက်နေ့ နံနက်​ ၈ နာရီမှ ၁၁ နာရီအချိန်​ထိ အညာပန်းပလွန်း​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်း ပရဝုဏ်​အတွင်းနှင့် ရွာဦး​စေတီတို့တွင်​ သန့်​ရှင်း​ရေးလုပ်​အားဒါနများ ကုသိုလ်​ပြု​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းနှင့် အဆိုပါလုပ်​အားဒါနပွဲသို့ မြို့နယ်​ပါတီဥက္ကဌ ဦး​ဌေး​မောင်​နှင့် ​ကော်​မတီဝင်​များ၊ မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ခင်​စီလှိုင်​နှင့် အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ စုစု​ပေါင်းအင်​အား ၈၀ ဦးခန့်​ဖြင့် ပါဝင်​​ဆောင်​ရွက်​ကြခြင်းဖြစ်​​ကြောင်း သိရသည်​။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ပေးပို့လှူဒါန်းသော အလှူငွေများနှင့် လှူဖွယ်ဝတ္တူများအား သွားရောက်လှူဒါန်း

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်တွင် ဝါဆိုတော်မူကြသော စာသင် – စာချဆရာတော်၊ သံဃာတော်များ အပါး (၄၂၀) အတွက် ဆွမ်းဆန်စိမ်းများ၊ စားဆီပုံးများနှင့် ဝတ္တူအလှူတော် ကျပ်သိန်း (၅၀) အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုကိုယ်စား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်း ကုသိုလ်ပြုခဲ့သည်။

မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုထောက်ခံသောအားဖြင့် ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူးဒါန်းခြင်း နှင့် မုန့် အချိုရည်များ လှူးဒါန်းခြင်းပြုလုပ်

 

မြိုင်၊ စက်တင်ဘာ၂၄

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြုကြိုဆိုထောက်ခံသောအားဖြင့် မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့တင်ကျေးရွာ သာသနာ့ဒီပံကျောင်းတိုက်ဆရာတော် ဦးဝိလာသ အရှင်သူမြတ်အား ဝါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းခြင်း နှင့် အဆိုပါကျောင်းတိုက်ရှိ သာသနာ့ဥယျာဉ် ဓမ္မစကူးလ်ကျောင်းသား/သူ ၁၀၀ ခန့်နှင့် ဆရာဆရာမများအား မုန့် ၊အချိုရည်များ လှူဒါန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်နိုင် အတွင်းရေးမှူး ဦးထိန်လင်း၊ မြို့နယ်ကော်မတီဝင်များဖြစ်သော ဦးစန်းယုနိုင်၊ ဦးအောင်ကြည်စိုး၊ ဦးခင်မောင်အေး၊ ဦးနန္ဒာအောင်နှင့် လူငယ်ကိုယ်စားလှယ်များဖြစ်သော ကိုချမ်းအေး၊ ကိုအောင်သူရထွန်းတို့ လိုက်ပါခဲ့ကြပါသည် ။

လျှပ်စစ်မီးလင်းရေးအတွက် လှူဒါန်းပွဲ လွှတ်တော်ကိုယ်စားလှယ်တက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရွှေစစ်သည်အုပ်စု ရွာသစ်ကျေးရွာ ဘုရားကုန်းဓမ္မာရုံ၌ ယမန်နေ့ နံနက် ၁ဝနာရီမှစတင်၍ လျှပ်စစ်မီးလင်းရေးအတွက် အလှူငွေပေးအပ်ခြင်းနှင့် ပင့်သံဃာ ငါးပါးတို့အား ဆွမ်းကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်း ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ရာ စုစုပေါင်းကျပ်သိန်း ၁၄ဝ တိတိ လှူဒါန်းပေးအပ်ခဲ့ပြီး အလှူငွေပေးအပ်ပွဲသို့ မိတ္ထီလာမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုး အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ ကြသည်။