ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လုပ်အားဒါနကုသိုလ်ပြုလုပ်

 

စက်တင်ဘာ ၂၇ ပေါင်းတည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ကျင်းပပြုလုပ်မည့် ဗဟိုအမျိုးသမီးရေးရာ ညီလာခံအား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ဘုရားကြီးဝန်း မင်းသားကြီးကန်တော် ပါတ်ဝန်းကျင် သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ လုပ်အားဒါနပြုလုပ်ရာသို့ တိုင်းပါတီအမျိုးသမီးရေးရာတာဝန်ခံ တိုင်းပါတီကော်မတီဝင် ဒေါ်ထားထားနု နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့်မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်ရေးရာ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၀ ခန့် ပါဝင်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ကနီ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် လင်ပုန်း ရည်ကျေးရွာအုပ်စု ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင် နေ အိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့် ပါတီဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ သည်။

ခင်ဦးမြို့နယ် ကျွန်းလည်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

ဝက်လက် စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ်တွင် ဗဟိုအမျိုး သမီးရေးရာညီလာခံကိုကြိုဆိုဂုဏ် ပြုသောအားဖြင့် ကျွန်းလည်ကျေး ရွာ ဦးကြည်မောင်၏နေအိမ်တွင် ပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ပါတီဆိုင်းဘုတ်တင်ပွဲ နှင့်အတူ လူထုတွေ့ဆုံပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာဦးမြင့်သိန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေး နှင့်ခင်ဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်း မြင့်တို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။

ဗဟိုအမျိုးသမီးညီလာခံဂုဏ်ပြုကြိုဆို သီလရှင်စာသင်တိုက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အမျိုးသမီးထုစုပေါင်းလှုပ်ရှားမှုဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီ လာခံကို ဂုဏ်ပြုကြိုဆိုသောအား ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုး သမီးရေးရာအဖွဲ့မှ ဦးဆောင်ကာ ယမန်နေ့ နံနက် ၉ နာရီက ၄၈ ရပ် ကွက် စိန္ဒကျော်သူဦးသြလမ်းရှိ သုဝဏ္ဏဘူမိခေမာရာမ သီလရှင် စာသင်တိုက်အတွင်းအမျိုးသမီးလှုပ် ရှားမှုအဖြစ် သန့်ရှင်းရေးလုပ်အား ပေးပေါင်းမြက်များရှင်းလင်းခြင်း၊စာ သင်သားသီလရှင်များအား သွားနှင့် ခံတွင်းရောဂါကုသခြင်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လောင်းလှူ ခြင်းများပြုလုပ်ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက အင်အား ၂ဝခန့်ဖြင့် စည်းရုံးမှုများပြုလုပ်

 

ရန်ကုန် စက်တင်ဘာ ၂၆

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု တာမွေ မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်း ကျော်က အင်အား ၂ဝခန့်ဖြင့် စည်းရုံးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီက ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဝန်းနှင့် ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

ပျဉ်းမနား၊ စက်တင်ဘာ ၂၆

ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၂၆

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့်ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ အထိ ဥတ္တရသီရိမြို့နယ်ရွှေနံ့သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်အောင်မြင်ဆုတောင်းရစေတီ ထီးတင်ပွဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ နဝကမ္မအလှူတော်ငွေများ လှူဒါန်း

 

မိတ္ထီလာ၊ စက်တင်ဘာ ၂၅

ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ဗဟိုအမျိုးသမီးရေးရာညီလာခံ ကြိုဆိုလုပ်အားပေး

 

ရေစကြို၊ စက်တင်ဘာ ၂၅

ရေစကြိုမြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များသည် အမျိုးသမီးညီလာခံအား ကြိုဆိုထောက်ခံသောအားဖြင့် မဇ္ဈိမာရုံဘုန်းတော်ကြီးကျောင်း စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုလုပ်ခြင်းနှင့် လှုံဆော်ရေးဆိုင်းဘုတ်အား
မြို့ နယ်ပါတီရုံးမုဒ်ဦးတွင် စိုက်ထူခဲ့ကြပါသည်။