ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်သူများအား သွားနှင့်ခံတွင်း အခမဲ့ ကုသ

 

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၈) ရပ်ကွက် ရွှေစေတီကျောင်းတိုက်တွင် သွား နှင့် ခံတွင်းအခမဲ့ကုသမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ သွားနှင့်ခံတွင်းကုသမှုဆောင်ရွက်ရာသို့ ပါတီဗဟို ကော်မတီဝင် ဒေါ်စန်းစန်းဝင်း(ဒဂုံတောင်နယ်မြေတာဝန်ခံ)၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဒေါ်မိုးမိုးအိ(လူငယ်တာဝန်ခံ)၊ အရှေ့ ပိုင်းခရိုင်ကော်မတီဝင်ဦးဝဏ္ဏမျိုး(ဘဏ္ဍာရေးမှူး)၊ ဒဂုံတောင်မြို့ နယ်ပါတီဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးနှင့်ကော်မတီဝင်များ၊ လူငယ် ရေးရာတာဝန်ခံ ဦးဇော်မင်းထွန်းနှင့်မြို့နယ်လူငယ်ထုအဖွဲ့ဝင်များ၊ (၁၈) ရပ်ကွက် ရပ်/ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သွား ဝေဒနာရှင်များကို စေတနာမေတ္တာဖြင့် ကုသမှုပေးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းက ကျောင်းသုံးဗလာစာအုပ်များအား ရွှေစေတီကျောင်းတိုက်ဆရာတော်အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီအစည်းအဝေးပြုလုပ်

 

ပုသိမ်ကြီး၊ နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအစည်းအဝေးကို ယမန်နေ့က မြို့နယ်ပါတီရုံး၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းနှင့် ကော်မတီဝင် ၁၂ ဦး တက်ရောက်ခဲ့ပြီး ဦးဆွေသန်းက၂ဝ၂ဝ ပြည့် ပါတီအောင်နိုင်ရေးအတွက် ပါတီတွင်းစည်းလုံးညီညွတ်ရေး ကျစ်လျစ်ခိုင်မာရေးအတွက် ဦးစားပေးဆောင်ရွက်ကြရန်နှင့် အောက်ခြေအဆင့်ထိ စဉ်ဆက်မပြတ်ထိတွေ့နိုင်ရေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများက နယ်မြေကွင်းဆင်း ဆောင်ရွက်မည့်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရ သည်။

လမ်းပြုပြင်ရန် နှင့် ဓမ္မာရုံတည်ဆောက်ရန်အတွက် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ ပေးအပ်လှူဒါန်း

 

စဥ့်ကိုင်၊ နိုဝင်ဘာ ၁၄

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဘယ်လင်းအုပ်စု Óဏ်ကွေ့ရွာဦးကျောင်းဆရာတော် ဦးဆောင်၍ လမ်းပြုပြင်ခြင်း နှင့် ဓမ္မာရုံတည်ဆောက်ရန်အတွက် ငွေကျပ်တစ်သိန်း၊ ရပ်ကျေးပါတီဥက္ကဋ္ဌမှ ငွေကျပ်နှစ်သောင်း ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံး၊ ပါတီအတွင်းရေးမှူး ဦးထွန်းနိုင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ပါတီအဖွဲ့များ တက်ရောက်ကြပြီး ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 

ထားဝယ်၊ နိုဝင်ဘာ ၁၄

စိန်လည်ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူ

 

ဝန်းသို၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် လက်ပံကြီးတောအုပ်စု စိန်လည်ကျေးရွာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲကို စိန်လည်ကျေးရွာ ဦးကျော်လွင်နေအိမ်၌ ယခုလ ၁၁ ရက်က စိုက်ထူခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်တင်ပွဲတွင် ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီအတွင်းရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စိန်လည်ကျေးရွာမှ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၃ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာ ပြည်ခိုင်ဖြိုးမှ ​သက်​သာ​ချောင်​ချိ​ရေးဆန်​​များ ရောင်းချပေး

 

ရွှေပြည်​သာ၊ နိုဝင်​ဘာ၊ ၁၄၊
ရွှေပြည်​သာမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ မြို့နယ်​ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​နှင့်​မြို့နယ်​​ကော်​မတီဝင်​များသည်​ ရွှေပြည်သာမြို့နယ် ​အမှတ်​(၈)ရပ်​ကွက်​သို့ သွား​ရောက်​ပြီး​ရပ်​ကွက်​နေပြည်​သူလူထုအား သက်​သာ​ချောင်​ချိ​ရေးအတွက်​ ဆန်​တစ်​ပြည်​ (၁၅၀၀) ဆန်​အား (၁၀၀၀) နှူံးဖြင့်​​ ယနေ့ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချ​ပေးခဲ့ကြကြောင်း သိရသည်။
Chan Mya Aye

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ မဒေးကျေးရွာ အ.မ.က ကျောင်းဖွင့်ပွဲသို့တက်ရောက်

 

(14.11.2018) နေ့ နံနက် (9:00) နာရီအချိန် သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာအုပ်စု မဒေးကျေးရွာတွင် အ.မ.က (ခွဲ) ကျောင်းမှ အ.မ.က ကျောင်း အဆင့်မြှင့်တင် ဖွင့်ပွဲအခမ်းအနားသို့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ်စည်တော်အဖွဲ့ တက်ရောက်၍ စည်တော်အဖွဲ့မှ အမကကျောင်းအား ရခိုင်စည်တော်တီးခတ်၍ ဖွင့်လှစ်ပေးပြီး မြို့နယ်ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထိုကျောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး ကိုယ့်အားကိုယ်ကိုး ကျောင်းရရှိရန် လည်းကောင်း (ခွဲ) ကျောင်းရရှိရန်လည်းကောင်း ကူညီပေးခဲ့ပြီး ထိုကျေးရွာသည် ပြည်ခိုင်ဖြိုးပါတီမှ အနိုင် ရရှိခဲ့သော ရွာဖြစ်သည်။

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးပြုလုပ်

 

မအူပင် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင်မအူပင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီ အစည်းအဝေး နှင့်တိုင်းအမျိုးသမီးညီလာခံအစည်းအဝေး တက်ရောက်နိုင်ရေးတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်တွေ့ဆုံ

 

ပန်းတနော် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့တက်ရောက်မည့် ပန်းတနော်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင်များအား ယမန်နေ့ နံနက် ၁၁ နာရီက ပန်းတနော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားဆွေး နွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။