နှစ်စဉ်နည်းပညာလောကအား လှုပ်ခတ်စေခဲ့သော WWDC 2016 အား ဇွန်လ ၁၃ ရက် နေ့တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို ၌ကျင်းပမည်ဖြစ်ကြောင်း Cnet သတင်းဌာနတွင် ဖော်ပြထားသည်။
နှစ်စဉ်နည်းပညာလောကအား လှုပ်ခတ်စေခဲ့သော WWDC 2016 အား ဇွန်လ ၁၃ ရက် နေ့တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို ၌ကျင်းပမည်ဖြစ်ကြောင်း Cnet သတင်းဌာနတွင် ဖော်ပြထားသည်။
Lenovo သည် ပထမဦးဆုံး Project Tango ဖုန်းဖြစ်သည့် Phab2 Pro ကို Tech World 2016 ကွန်ဖရင့်စ်တွင် မိတ်ဆက်ပြသခဲ့သည်။
Lenovo Phab2 Pro ကို သတ္တုစပ်ကိုယ်ထည်ဖြင့် ဖန်တီးထားပြီး ရွှေရောင်နှင့် ငွေရောင်ဖြင့်ရရှိနိုင်သည်။ ၎င်းတွင် ၆.၄ လက်မ QHD IPS touchscreen ကို အသုံးပြုထားပြီး ကင်မရာ လေးခုထက်မနည်း ပါဝင်သည်။ အရှေ့ဘက် တွင် 8MP selfie ကင်မရာပါဝင်ပြီး ကျောဘက်တွင် 16MP ကင်မရာပါဝင်သည်။ (more…)
မြို့နယ် ၁၃ ခုအတွက် မီတာဘီလ်များကို CB Bank မိုဘိုင်းဘဏ်စနစ်ဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်လိုက် ကြောင်း အဆိုပါဘဏ်မှ သိရသည်။
မရမ်းကုန်း၊ လှိုင်သာယာ၊ ဗဟန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ စမ်းချောင်း၊ ဒဂုံ၊ ကမာရွတ်၊ အင်းစိန်၊ ရွှေပြည်သာ၊ လမ်းမတော်၊ လသာမြို့နယ်များမှ မီတာဘီလ်များကို CB Bank’s Mobile Banking မှ တိုက်ရိုက်ပေးဆောင်နိုင် မည်ဖြစ်သည်။
Xiaomi ၏ ထုတ်ကုန်သစ်တစ်ခုဖြစ်သော Mi Max စမတ်ဖုန်း ပြည်တွင်းမိတ်ဆက်ပွဲအား ဇူလိုင်လ (၁၆) ရက် နေ့တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Xiaomi ၏ ပြည်တွင်းတစ်ဦးတည်း ဖြန့်ချိခွင့်ရ ကိုယ်စားလှယ်ဖြစ်သည့် Strong Source Co.,Ltd မှ သိရသည်။
ZTE သည် Z11 mini ပြီးနောက် Z11 စီးရီး၏ ဒုတိယမြောက်ထုတ်ကုန်ဖြစ်သော nubia Z11 Max ကို တရားဝင် မိတ်ဆက်ပြသခဲ့သည်။
Z11 Max တွင် ၆ လက်မ 1080p touchscreen နှင့် Gorilla Glass 3 ပါဝင်ပြီး ကျောဘက်တွင် 16MP ကင်မရာ နှင့် Sony IMX298 sensor, f/2.0 aperture, sapphire glass protection နှင့် dual-tone LED flash တို့ ပါဝင်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး f/2.4 aperture နှင့် ၈၀ ဒီဂရီ wide-angle capture တို့ကို ထောက်ပံ့ပေးထားသည်။ (more…)
လေယာဉ်များထုတ်လုပ်သည့် ကုမ္ပဏီ Airbus သည် 3D printer မှ ထုတ်လုပ်ထားသော အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသည့် Thor အမည်ရ ဒရုန်းတစ်မျိုးကို လတ်တလောတွင် ပြုလုပ်နေသည့် ဘာလင် လေကြောင်းဆိုင်ရာပြပွဲ၌ မိတ်ဆက်ခဲ့သည်။ (more…)
မြောက်ကိုရီးယားသည် Facebook နှင့် ဆင်တူသော လူမှုရေးမီဒီယာတစ်ခုကို ဖန်တီးခဲ့ကြောင်း သိရသည်။
ထိုဝက်ဘ်ဆိုက်ကို ပြီးခဲ့သည့်အပတ်တွင် အင်တာနက်စီမံခန့်ခွဲမှု ကုမ္ပဏီ Dyn ကသတိပြုမိခဲ့ကာ www.starcon.net.kp ဝက်ဘ်ဆိုက်ကို screen shot ဖြင့် မှတ်တမ်းတင်ခဲ့သည်။
သို့သော်လည်း Dyn က ၎င်းဝက်ဘ်ဆိုက်ကို ထုတ်ဖော်ပြသပြီး ရက်အနည်းငယ်အကြာတွင် ဝက်ဘ်ဆိုက်မှာ တိုက်ခိုက်ခံခဲ့ရပြီး အသုံးပြု၍ မရတော့ပေ။
MediaTek သည် Computex 2016 တွင် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ဘက်ထရီအားသွင်းနည်းပညာဖြစ်သော Pump Express 3.0 ကို မိတ်ဆက်ပြသခဲ့သည်။
အဆိုပါ အားသွင်းနည်းပညာသစ်သည် မိနစ် ၂၀ အတွင်း ဖုန်း၏ဘက်ထရီကို ၀ မှ ၇၀ ရာခိုင်နှုန်းအထိ အားသွင်း ပေးနိုင်မည်ဖြစ်သည်။ ၅ မိနစ်မျှ အားသွင်းသည့် အခါတွင်လည်း တစ်နာရီခန့် ဖုန်းပြောဆိုနိုင်မည်ဟု သိရသည်။
စေခိုင်းနိုင်သော Zenbo အမည်ရှိ စက်ရုပ်ငယ်ကို 599 ဒေါ်လာဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း Asus မှ ပြောကြားသည်။
အဆိုပါစက်ရုပ်မှာ ကလေးငယ်များနှင့်ဆော့ကစားခြင်း၊ ပုံပြင်များပြောပြခြင်း၊ အိမ်မှုကိစ္စများကို စီမံခန့်ခွဲခွဲပေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များ အားဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့် ကမ္ဘာတစ်ဝန်းသို့ ရောင်းချသွားမည်ဖြစ်ကြောင်း Asus ၏ Chairman ဖြစ်သူ Mr.Johnny က ပြောသည်။
ပြီးခဲ့သည့်လက Acer မှ တရားဝင်မိတ်ဆက်ပေးခဲ့သော Liquid Zest Plus စမတ်ဖုန်းကို ဇူလိုင်လတွင် ရောင်းချမည်ဟု သိရသည်။ အဆိုပါ စမတ်ဖုန်းကို အမေရိကန်တွင် ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။
Liquid Zest Plus တွင် quad-core 1.3GHz Cortex-A53 CPU နှင့် Mali-T720 GPU တို့ပါဝင်သော MediaTek ၏ MT6735 chipset ကို အသုံးပြုထားသည်။