ကော်ဖီနံ့မွှေးမွှေးလေးနဲ့ အိပ်ယာကနေနိုးလာရင် အရမ်းကို ချစ်ဖို့ကောင်းတဲ့ မနက်ခင်းလေးဖြစ်မှာပါ။ ဒါပေမဲ့ အများအားဖြင့် လူတော်တော်များများက ညဥ့်နက်တဲ့အထိ အလုပ်တွေနဲ့ရှုပ်နေပြီး အလုပ်သွားချိန်နဲ့ ချိန်ကိုက်ပြီးမှ အိပ်ယာထတတ်သူတွေ ဖြစ်ပါတယ်။ ကော်ဖီနှပ်ထားဖို့အတွက် စောစောထရဦးမယ်ဆိုရင်တော့ အိပ်ချိန်လေးကို အလုအယက်ယူနေရတဲ့သူတွေအဖို့ သိပ်မလွယ်လှပါဘူး။ အိပ်ယာလည်းနောက်ကျမှထချင် နိုးနိုးချင်းလည်း ကော်ဖီလေး တစ်ခွက်လောက်သောက်ချင်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။













