Huawei, Samsung နဲ့ Apple တို့လိုပဲ Xiaomi က ကိုယ်ပိုင် စမတ်ဖုန်း ပရိုဆက်ဆာတွေ ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ Wall Street Journal က ဖော်ပြလိုက်ပါတယ်။ Xiaomi ရဲ့ ပရိုဆက်ဆာကို Pinecone လို့ ခေါ်ဆိုပြီး Xiaomi ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Beijing Pinecone Electronics လက်အောက်ကနေ မတ်လအတွင်း ဖြန့်ချိဖွယ်ရှိတယ်လို့ Wall Street Journal က ပြောကြားခဲ့ပါတယ်။













