ကားလမ်းထက်တွင် ဇိမ်ခံရွက်လှေစီး နေရသကဲ့ သို့ရသကိုပေးစွမ်းမည့် မာစီဒီးကားသစ် မာစီဒီးကားကုမ္ပဏီက နောက်ဆုံး ဖန်တီးထားသည့်ကားသည် မည်သည့်နေရာတွင် ရောက်ရှိ
နေသည်ဖြစ်စေ လည်ပြန်ငေးကြည့် ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ကားလမ်းထက်တွင် ဇိမ်ခံရွက်လှေစီး နေရသကဲ့ သို့ရသကိုပေးစွမ်းမည့် မာစီဒီးကားသစ် မာစီဒီးကားကုမ္ပဏီက နောက်ဆုံး ဖန်တီးထားသည့်ကားသည် မည်သည့်နေရာတွင် ရောက်ရှိ
နေသည်ဖြစ်စေ လည်ပြန်ငေးကြည့် ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ထိုင်ဝမ်နိုင်ငံဟာ ကျောင်းပရဝုတ်များ၊ လေဆိပ်များနှင့် စက်မှုဇုန်များကဲ့သို့ ထိန်းချုပ်လို့ရတဲ့ နေရာများရှိ လမ်းမများပေါ်မှာ မောင်းသူမဲ့ဘတ်စ်ကားများကို စတင်စမ်းသပ် မောင်းနှင်နေပြီ ဖြစ်ပါတယ်။
တနင်္လာနေ့က ထိုင်ဝမ်မြို့တော်ရှိ လမ်းမတစ်ခုကို ပိတ်လိုက်ပြီး မောင်းသူမဲ့ ဘတ်စ်ကားရဲ့ ကွန်ပျူတာစနစ်က လမ်းရဲ့ မြေပုံကို ရေးဆွဲရန်၊ လမ်းအနေအထား ရင်းနှီးကျွမ်းဝင်းမှု ရရှိရန် နှင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေ တုံ့ပြန်သင်ယူရန် မနက် ၁ မှ ၄ နာရီအထိ၊ ၅ ရက်ကြာ စမ်းသပ်မှုကို ပြလုပ်မှာဖြစ်ပါတယ်။
အံ့အားသင့်ဖွယ်ရာ selfie ဓာတ်ပုံများရိုက်ကူးနိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ ဖုန်းတည်ဆောက်ပုံနဲ့ ကောင်းမွန်တဲ့ screen နဲ့ ဘက်ထရီသက်တမ်းတို့ကို ဈေးသက်သက်သာသာနဲ့ရရှိနိုင်မယ့် Redmi Note 5A ကို Xiaomi က မိတ်ဆက်ပေးလိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းသုံး ဖုန်းခေါ်ဆိုသူအတွက် အခမဲ့ဝန်ဆောင်မှုကို MPT က ဆောင်ရွက်လိုက်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူတွေအနေနဲ့ မိမိတို့သိလိုတဲ့ အရောင်းတွေ၊ ဝန်ဆောင်မှုတွေ၊ သတင်းအချက် အလက် တွေနဲ့ ပတ်သက်ပြီး ယင်းတို့ ဆက်သွယ်လိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ MPT ဝန်ဆောင်မှု ရယူထားခဲ့ရင် ဖုန်းခေါ်ခကျသင့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၀၈၀၀ ၈၀၀ နဲ့စတဲ့ ဖုန်းခေါ်ဆိုသူတွေအတွက် အခမဲ့ ဖုန်းနံပါတ်တွေကို အော်တိုတယ်လီဖုန်း လိုင်းကနေတစ်ဆင့် လက်ခံနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ MPT ရဲ့မိုဘိုင်းဖုန်း အသုံးပြုသူတွေနဲ့ အော်တိုတယ်လီဖုန်း အသုံးပြုသူတွေဟာ ဖုန်းခေါ်ဆိုခပေး စရာမလိုဘဲ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အရောင်းရဆုံး စမတ်ဖုန်းစာရင်းကို Strategy Analytics က ဖော်ပြခဲ့ပါတယ်။
အဲ့ဒီစာရင်းအရ Apple ရဲ့ iPhone 7 နဲ့ iPhone 7 Plus တို့က ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး Galaxy S8 နဲ့ Galaxy S8+ တို့က တတိယနဲ့ စတုတ္ထနေရာတို့မှာ အသီးသီးရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ကနေ ဇွန်လအတွင်း အရောင်းရဆုံး စမတ်ဖုန်းစာရင်းရဲ့ ပဉ္စမနေရာမှာတော့ Xiaomi Redmi 4A က ကမ္ဘာ တစ်ဝန်းတင်ပို့ရောင်းချမှုအရေအတွက် ၅.၅ သန်းနဲ့ ရပ်တည်ခဲ့ပါတယ်။
Facebook ရဲ့ version အသစ်မှာ မြန်မာစာ unicode နဲ့ zawgyi ဆိုပြီး Font နှစ်မျိုးကွဲနေတဲ့ ပြဿနာကို Facebook က ဖြေရှင်းလိုက်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Facebook app တစ်ခုတည်း အတွက်ပဲ ဖြစ်တာကြောင့် အခြား စနစ်တွေမှာ မြန်မာလို သုံးဖို့အတွက်တော့ အဆင်မပြေသေးပါဘူး။ ဥပမာ Messenger ပို့တဲ့နေရာမှာ Zawgyi font ကတော့ လိုအပ်နေဦးမှာပါ။ ဒါကြောင့် ပိုပြီး အဆင်ပြေသွားမှာက unicode နဲ့ Facebook မှာ ရေးထားတာတွေကို အခက်အခဲမရှိ ဖတ်နိုင်မှာပဲဖြစ်ပါတယ်။
မိုဘိုင်းလူမှုကွန်ရက် သုံးစွဲမှုတိုးတက်လာတာကြောင့် ကမ္ဘာတစ်ဝန်း အသုံးပြုနေတဲ့ လူမှုရေးမီဒီယာ app တွေ ပေါ်ထွက်လာပါတယ်။ ဒီ app တွေဟာလည်း အဓိက လူမှုရေးမီဒီယာ ဝက်ဘ်ဆိုက်နဲ့ အကြီးအကျယ်ယှဉ်ပြိုင်နေကြပါတယ်။
Messenger
Facebook ကပိုင်ဆိုင်တဲ့ Messenger ကို ၂၀၀၈ ခုနှစ်မှာ Facebook Chat အဖြစ် ဖန်တီးခဲ့ တာပါ။ ၂၀၁၀ ခုနှစ်မှာ me-ssaging ဝန်ဆောင်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ Messenger ကို Facebook app နဲ့ ခွဲခြားလိုက်တဲ့အချိန်မှာ သုံးစွဲသူ သန်း ၆၀၀ ရှိတယ်လို့ ဧပြီလ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလမှာတော့ ၁.၂ ဘီလျံရှိလာပါတယ်။
ပြီးခဲ့တဲ့အပတ်က GFXBench ပေါ်မှာထွက်ပေါ်လာခဲ့တဲ့ ZTE Z982 device ဟာ အခုအခါ ZTE Blade Z Max အမည်နဲ့ တရားဝင်ထွက်ရှိ လာပါတယ်။ Blade X Max ကို အဆင့်မြှင့်ထားတဲ့ ZTE Blade Z Max ရဲ့ကျောဘက်မှာ ကင်မရာနှစ်ခု ပါဝင်ပါတယ်။ Display အရွယ်အစားက ၆ လက်မဖြစ်ပြီး full HD resolution နဲ့ အသုံးပြုနိုင်ပါတယ်။
MECTel CDMA 800 MHz ဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ် ရောင်းချလိုသူတွေအတွက် ပြည်နယ်နဲ့ တိုင်းဒေသ ကြီး အသီးသီးမှာရှိတဲ့ တာဝန်ခံရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ အဲဒီဆင်းမ်ကတ်နဲ့ ငွေဖြည့် ကတ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ ဆင်းမ်ကတ်ကိုယ်စား လှယ်ဆိုင်တွေနဲ့ အင်းဝဘဏ်ခွဲ တွေမှာ အလုံအလောက် ဖြန့်ဖြူးရောင်းချနေတယ်လို့ MECTel က ပြောကြားထားပါတယ်။
Facebook ဟာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ Watch ဗီဒီယို platform ကို သုံးစွဲသူအချို့ထံ ဖြန့်ချိပေးခဲ့ပါတယ်။ Watch မှာ Facebook က ငွေကြေးထောက်ပံ့ထားတဲ့ မူရင်းပရိုဂရမ်တွေအပြင် အခြားသူတွေဖန်တီးထားတဲ့ ဗီဒီယိုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။