
ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းတစ်ယောက် ၂၀၁၄ ခုနှစ်မှာ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း Artificial Intelligence (AI) ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တုန်လှုပ်စရာ သတိပေးခေါင်းလောင်းသံကို စတင်မြည်စေခဲ့ပါတယ်။ အဲဒါကတော့ သူက AI ကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်တယ်လို့ ပြောခဲ့တာပါ။ ထူးခြားစွာပဲ အဲဒီသတိပေးချက်ဟာ သူကိုယ်တိုင် AI နည်းပညာအကူအညီနဲ့ စကားပြောနေရချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။









