
ထိုင်ဝမ်နိုင်ငံရဲ့ ဆေးရုံတွေမှာ Foxconn နှင့် Nvidia တို့မှ ပူးပေါင်းတီထွင်ထားသော “Nurabot” အမည်ရှိ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်သူနာပြုတွေက လုပ်ငန်းတာဝန်တွေ စတင်ထမ်းဆောင်နေပါပြီ။အဲဒီ စက်ရုပ်သူနာပြုတွေဟာ ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ဆေးရုံ၏ လူနာဆောင်တွေအတွင်း လှည့်လည်စစ်ဆေးခြင်း နှင့် ဧည့်သည်တွေအား လမ်းညွှန်ခြင်းစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပြီး၊ လူသားသူနာပြုတွေရဲ့ လုပ်ငန်းတာဝန်တွေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။








