တောင်ကိုရီးယား သရုပ်ဆောင် လီမင်းဟိုသည် လူမှုကွန်ရက် မီဒီယာ Weibo က ကျင်းပသည့် ရုပ်ရှင်ဆုပေးပွဲတစ်တွင် အာရှရုပ်ရှင်လုပ်ငန်း၌ အလွှမ်းမိုးနိုင်ဆုံး ဆုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း သူ၏ အေဂျင်စီက ဇွန် (၁၅) တွင် ပြောကြားသည်။ ဇွန် ၁၃ ညတွင် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် Weibo ရုပ်ရှင်ဆုပေးပွဲတွင် အာရှရုပ်ရှင် ဦးဆောင်လမ်းပြသူအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။






