Myanmar Idol အဆိုပြိုင်ပွဲမှ Top 11 Acoustic Album ထွက်

Myanmar Idol အဆိုပြိုင်ပွဲမှ Top 11 အဆိုရှင်များ၏ Myanmar Idol Top 11 Acoustic Album သီချင်းခွေကို ဇူလိုင်၈ရက်ကစတင် ဖြန့်ချိခဲ့ပြီးတာမွေမြို့နယ်အရှေ့မြင်း ပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ကွင်း တွင်ဝယ်ယူနိုင်ကြောင်းသိရသည်။
အဆိုပါအခွေတွင် စောလား ထော်ဝါးက ‘ချိန်းတဲ့ည’၊ M Zaw Rain က ‘အရမ်းလွမ်းနေပြီ’၊ နင်ဇီ မေက ‘အချစ်ကအမှား’၊ ဆိုဖီယာ အဲဗရက်(စ်)က ‘မိုင်ပေါင်းကုဋေ’၊ ဇော်မင်းဦးက ‘သီးသန့်သီချင်း’၊ စောထက်နိုင်စိုးက ‘သေလောက် အောင်ချစ်တော့လည်း’၊အောင်ပြည့် ထွန်းက’နေနဲ့လအရှေ့နဲ့အနောက်’၊ အောင်တေဇကျော်က’စမ်းချောင်း ထဲကမျက်ရည်’၊ မေကြည်က ‘သတိရရင် ပြီးတာပဲ’၊ ရီယိုက ‘တကယ်ကိုများ’၊ခိုင်သဇင်သင်းက ‘နာရီပေါ်မှမျက်ရည်စက်များ’သီချင်း များဖြင့်သီဆိုထားကြသည်။
Myanmar Idol Acoustic Album အခွေကို City Mart များတွင်ရောင်းချရန် အစီအစဉ်ရှိ ပြီး နယ်မှမှာယူလိုသူများအတွက် အခွေ ၁ဝခွေနှင့်အထက် ဝယ်ယူ လျှင် သက်ဆိုင်ရာမြို့ရှိဘဏ်များမှ KBZ Bank Account သို့ ငွေလွှဲ ဝယ်ယူနိုင်ကြောင်း သိရသည်။

ဒူးခေါင်းမဲလို့ စိတ်မညစ်နဲ့

ဒူး၊ တံတောင်စတဲ့နေရာတွေဟာ ပုံမှန်အားဖြင့်ကို မဲတတ်တယ်။ အကွေးအဆန့်နေရာဖြစ်တဲ့အပြင် အရေပြားက ထူနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒူးခေါင်းမဲတာ အတို၊အပြတ်ဝတ်ချင်တဲ့ မိန်းကလေးတွေအတွက် အတော် ဒုက္ခရောက်စေတယ်။

ဖနောင့်နာ သက်သာစေမည့် နည်းလမ်းကောင်းများ

other_FOOD-inner_93db8

 ဖနောင့်နာခြင်းက အဖြစ်များတဲ့ ပြဿနာဖြစ်ပါတယ်။  ဖိနပ်အပြားစီးခြင်း၊ ထိခိုက်ဒဏ်ရာ၊ ခြေခေါက်ခြင်း၊ အဆစ် လွဲခြင်း စသည်တို့ကြောင့် ဖနောင့်နာ တတ်ပါ တယ်။ စိုးရိမ်စရာ မရှိသော်လည်း အခံရခက်တဲ့ ထိုဝေဒနာကို သက်သာစေဖို့ သဘာဝ ဆေးနည်းအချို့ ရှိပါတယ်။

၁။ ရေခဲ

သင်မသိနိုင်သေးတဲ့ ခရမ်းချဉ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ခု

lamsatoki_1425557546

ခရမ်းချဉ်သီးဟာ အစိမ်းပဲစားစား၊ ချက်ပဲစားစား အရသာရှိတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အောက်ပါ အကြောင်းရင်း တွေကြောင့် ခရမ်းချဉ်သီးဟာ အမြဲစားပေးဖို့ လည်း လိုအပ်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

၁။ ခရမ်းချဉ်သီးတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

၂။ သွေးထဲ သကြားပါဝင်နှုန်းကိုလည်း လျော့နည်းစေတယ်။

၃။ သွေးကြောပိတ်ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

နိုကိုဥ (Beet) ၏ ကောင်းကျိုးများနှင့် ဆိုးကျိုး

ကောင်းကျိုး

နိုကိုဥတွင် ပါဝင်သော Fibre ကြောင့် မကောင်းသောအဆီ LDL ကို ကျစေပြီး ကောင်းသောအဆီ HDL ကို တက်စေသဖြင့် နှလုံးသွေးကြော ရောဂါကို ကာကွယ် ပေးသည်။ ၎င်းတွင်ပါဝင်သော betaine မှ Homo-cysteine ကို ကျစေသောကြောင့် သွေးကြောကို ကျန်းမာသန်စွမ်းစေသဖြင့်လည်း နှလုံးသွေးကြောရောဂါကို ကာကွယ် ပေးသည်။

Beet

(more…)


တရုတ်နိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူများကို ငွေကြေးလှူဒါန်းသွားမည့် ဆောင်းဂျွန်ကီ

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား ဆောင်းဂျွန်ကီသည် ၎င်း၏ ၂၀၁၆ အာရှပရိသတ် တွေ့ဆုံပွဲမှ ရရှိသော ငွေများကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ၂၀၀၈ ခုနှစ်က ငလျင်ဒဏ်ခံစား ခဲ့ရသော ပြည်သူများသို့ ကူညီပေးနေသည့် တရုတ်ချို့တဲ့သူများ ကူညီရေး ဖောင်ဒေးရှင်းကို လှူဒါန်း သွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ  Blossom   အင်တာတိန်းမန့်က   ပြောကြားသည်။

ဆံပင်နဲ့ အရေပြားအလှအပအတွက် အသုံးတည့်တဲ့ ဆန်ဆေးရည်

အာရှနိုင်ငံတွေရဲ့ အဓိကအစား အစာဖြစ်တဲ့ ဆန်မှာ ဗီတာမင်ဘီ၊ စီ၊ အီး၊ အမိုင်နိုအက်စစ်နဲ့ သတ္တု ဓာတ်တွေပါတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးသာ မက အလှအပရေးရာအတွက် ထောက်ကူပေးပါတယ်။ အဓိက အားဖြင့် ဆံပင်နဲ့ အသားအရေအ တွက် ကောင်းကျိုးပြုတာမို့ ဘယ် လိုသုံးစွဲရမလဲဆိုတာ ဖော်ပြပေး လိုက်ပါတယ်။

အာရှရုပ်ရှင် တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သည့်အတွက် ဆုချီးမြှင့်ခံရသည့် လီဗြောင်ဟွန်း

တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်းသည် အာရှရုပ်ရှင်လုပ်ငန်း တိုးတတ်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အတွက် (၁၅) ကြိမ်မြောက် New York Asia ရုပ်ရှင်ပွဲတော်တွင် Star Asia Award ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

007+Byung-hun+Lee+as+Han+Cho+Bai+

(more…)


ကိုယ်ပိုင်ထုတ်လုပ်ရေးထောင်မယ့် အိန္ဒြာကျော်ဇင်

အနုပညာအလုပ်ကိုသာ စိတ်ဝင်စားသောကြောင့် စီးပွား ရေးလုပ်ကိုင်ရာတွင် ရုပ်ရှင်ထုတ် လုပ်ရေးလုပ်ကိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒြာကျော်ဇင် က ပြောသည်။

မုန်လာဥနီ ပုံမှန်စားခြင်းဖြင့် မျက်လုံး အတွက် ကောင်းရုံ သာမက ရင်သားကင်ဆာပါ ကာကွယ်နိုင်

မုန်လာဥနီ ပုံမှန် စားပါက အမျိုးသမီး များတွင် အချို့သော ရင်သားကင်ဆာ ရောဂါများ ဖြစ်ပွား မလာအောင် (၆၀) ရာခိုင်နှုန်းထိ ကာကွယ်နိုင်စွမ်း ရှိကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
မုန်လာဥနီ ကဲ့သို့ အနီနှင့် လိမ္မော် ဓာတ်ထွက် စေသော ဘီတာ-ကာရိုတင်းဓာတ် ကြွယ်ဝသည့် အခြားသော ဟင်းသီးဟင်းရွက် များသည်လည်း အလားတူ အကျိုး သက်ရောက်မှု ရှိကြောင်း စစ်တမ်းက ဆိုသည်။ ဘီတာ-ကာရိုတင်းဓာတ်သည်ဟင်းသီးဟင်းရွက် များကို အရောင်တောက်တောက် ထွက်အောင် လုပ်ပေးသော ဓာတ်လည်း ဖြစ်သည်။