
ဗိုက်ဆာလွန်းရင် ဗိုက်အောင့်သလို၊ အစာအိမ်နာသလို ခံစားဖူးကြတယ်မလား။ အဲဒီလိုနာကျင်မှုက ပုံမှန်ဖြစ်ပြီး တစ်ခုခုစားလိုက်ရင် ပျောက်သွားပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ သူတို့ရဲ့ဗိုက်က ထမင်းစားပြီးရင် နာလာတတ်ကြပါတယ်။ ထမင်းစားပြီးတဲ့နောက် ဗိုက်အောင့်တာက တစ်ခါတလေဆိုရင်တော့ ပုံမှန်ပါပဲ။ နေ့တိုင်းဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုလာပါပြီ။ မကြာခဏဗိုက်အောင့်တာ၊ အစာအိမ်နာတာက ကျန်းမာရေးအခြေအနေရှိနေတယ်ဆိုတာ ညွှန်ပြနေပြီး ချက်ခြင်း ဆေးကုသမှုခံယူဖို့ လိုပါတယ်။ ထမင်းစားပြီးနောက် ဗိုက်အောင့်တာ၊ အစာအိမ်နာတာဖြစ်ရခြင်းအကြောင်းအရင်းတွေကတော့







