
ဖေဖော်ဝါရီ ၁၆ ရက်မှာ အင်စတာဂရမ်မှာ နောက်ဆုံးပို့စ် တစ်ခုတင်ပြီးနောက် ဆိုရှယ်မီဒီယာပေါ်ကနေ ပျောက်နေခဲ့တဲ့ Blackpink အဖွဲ့ဝင် Jennie က သူ့အနေနဲ့ လေ့ကျင့်ခန်း လုပ်ရင်း ရခဲ့တဲ့ ဒဏ်ရာအတွက် ကုသမှု ခံယူနေရတာကြောင့် ပျက်ကွက်နေတာဖြစ်ကြောင်း သူ့ပရိတ်သတ်တွေကို ကိုယ်တိုင် အသိပေး ပြောကြားခဲ့ပါတယ်။












