
ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးမယ့် “Michael” ရုပ်ရှင်ကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ အကုန်အကျခံရိုက်ကူးဖို့ ရှိနေတယ်လို့ လော့စ်အိန်ဂျယ်လိစ် တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ Lionsgate ကုမ္ပဏီကထုတ်လုပ်မယ့် “Michael” ရုပ်ရှင်ကို ဒါရိုက်တာ အန်တိုနီဖူကွာက တာဝန်ယူ ရိုက်ကူးမှာဖြစ်ပြီး မိုက်ကယ်ဂျက်ဆင်ရဲ့တူဖြစ်သူ ဂျက်ဖာဂျက်ဆင်က အဓိက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။











