
လက်သည်းကို အမြဲတမ်း သန့်ရှင်းနေအောင်ထားသင့်ပါတယ်။ သင့်လက်သည်းတွေက အဝါရောင်သမ်းပြီး သန့်ရှင်းမှုမရှိဘူးဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်စေရုံသာမက အခြားသူတွေနဲ့တွေ့ဆုံတဲ့အခါမျိုးလည်း ကြည့်ရဆိုးစေပါတယ်။ လူတော်တော်များများကတော့ ဘာလို့ လက်သည်းတွေ အဝါရောင်သမ်းနေရတာလဲ ဆိုတာကို နားမလည်ကြပါဘူး။ သင့်လက်သည်းက သင့်ကျန်းမာရေးကို ပြောပြနေတယ်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ အဝါရောင်သမ်းနေပြီး မသန့်ရှင်းတဲ့ လက်သည်းတွေက သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုလာပြီးလို့ ပြနေတဲ့ လက္ခဏာရပ်တွေပါပဲ။










