
ယူကရိန်းစစ်ပွဲဖြစ်ပေါ်နေသော်လည်း မော်စကိုနဲ့ ဝါရှင်တန်ကြား ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်က အတည်ပြုပြောကြားပါတယ်။
ကရင်မလင်နဲ့ အဆက်အသွယ် ဆက်လက်ထားရှိတာက အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ဖြစ်ကြောင်း မစ္စတာ ဆူလီဗန်က နယူးယောက်မြို့မှာ ပြောကြားပါတယ်။ ဒါပေမယ့် သူတို့ ဆက်ဆံနေတဲ့သူတွေနဲ့ ပတ်သက်လို့ အမေရိကန်အရာရှိတွေက ရှင်းလင်းစွာ သိရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။









