
COVID-19 ကူးစက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ကြုံတွေ့နေရသည့် တရုတ်နိုင်ငံအရှေ့ပိုင်းရှိအ ဆင်းရဲဆုံးပြည်နယ် များမှတစ်ခုဖြစ်သောအန်ဟွေးတွင် အချိန်ပိုအလုပ်ဆင်းပြီး COVID-19 ကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးကာ ကုသမှုပေးနေသော ပင်ပန်းနွမ်းနယ်နေသည့် ဆရာဝန်များကို မတွေ့ရတော့ဘဲအရင်းအမြစ်နည်းပါးသော ဆေးခန်းများနှင့် ကူးစက်မှုဒဏ်ကိုဆိုးဆိုးရွားရွား ရင်ဆိုင်နေရသော လူနာများသာ ရှိနေသည်။ တရုတ်သည် ၎င်း၏ကိုဗစ် ကင်းစင်ရေးမူဝါဒကို အဆုံးသတ်ခဲ့သည့် လွန်ခဲ့သောလကတည်းက ဆေးရုံများတွင် ဗိုင်းရပ်စ် ကူးစက်ခံရသော သက်ကြီးရွယ်အိုလူနာများဖြင့် ပြည့်နေသည်။ နိုင်ငံ၏ ဆင်းရဲချမ်းသာကွာဟမှုသည် မြို့ကြီးများနှင့် ကျေးလက်ဒေသများကြား ကျန်းမာရေးစောင့်ရှောက်မှုကွာခြားချက်များကို ပိုမိုမြင့်တက်စေခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်း သော ဒေသများတွင် ဆရာဝန်များ၊ ကျန်းမာရေးအသုံးအဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များ ရှားပါးမှုနှင့် ကြုံတွေ့နေရသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်