
ပုန်ကန်မှုနှင့် လျှို့ဝှက်ပူးပေါင်းကြံစည် မှုစွဲချက်များဖြင့် တရားရင်ဆိုင်နေရသောပီ ရူးသမ္မတဟောင်း ပက်ဒရိုကက်စတီလိုကို ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြမှုများသည် အထိန်းအကွပ်မဲ့သည့် အခြေအနေ သို့ ရောက်ရှိနိုင်ဟု တာဝန်ရှိသူများက သတိပေးထားချိန်တွင် ပီရူးတရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၃ရက်၌ ကက်စတီလိုကို ပြန်လွှတ်ပေးရန်အယူခံဝင်မှုကို ပယ်ချခဲ့သည်။ အစိုးရရှေ့နေများက ကက်စတီလိုကို တရားခွင်အကြိုထိန်းသိမ်းမှုအဖြစ် ၁၈ လကြာ ထိန်းသိမ်းထားရန် ဒီဇင်ဘာ ၁၃ရက် နှောင်းပိုင်းတွင် အဆိုတင်သွင်းခဲ့ပြီး ယင်းသည်၎င်းအား စုံစမ်းစစ်ဆေးမှု တရားဝင်စတင်ခြင်းဖြစ်သည်ဟု တရားရေး ဆိုင်ရာ သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။




