
ပေကျင်း၊ ဇွန် ၃
အမေရိကန် ဟာဝိုင်အီပြည်နယ်၌ နှစ်နှစ် တစ်ကြိမ် လုပ်ဆောင်လေ့ရှိသည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ယခုနှစ်တွင်လည်း တရုတ်စစ်တပ်က စစ်သင်္ဘောငါးစီး စေလွှတ်သွားမည် ဖြစ်သည်။

ပေကျင်း၊ ဇွန် ၃
အမေရိကန် ဟာဝိုင်အီပြည်နယ်၌ နှစ်နှစ် တစ်ကြိမ် လုပ်ဆောင်လေ့ရှိသည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ယခုနှစ်တွင်လည်း တရုတ်စစ်တပ်က စစ်သင်္ဘောငါးစီး စေလွှတ်သွားမည် ဖြစ်သည်။

ဒါဗာအို၊ ဇွန် ၃
နိုင်ငံတွင် သတင်းစာဆရာ ဂျာနယ်လစ်များ၏ လုံခြုံရေးအတွက် အာမခံနိုင်ခြင်း မရှိကြောင်းနှင့် မိမိကိုယ်ကိုယ်သာ ကာကွယ်ကြရန် ဖိလစ်ပိုင် ရွေးကောက်ခံ သမ္မတသစ် ရိုဒရီဂို ဒူတာတေးက သတိပေးပြောကြားလိုက်သည်။ ယင်းနိုင်ငံတွင် ယခင်နှစ်များအတွင်းက အကျင့်ပျက်ခြစားမှုများရှိနေသော ဂျာနယ်လစ်များ အသတ်ခံထားရသည့် ဖြစ်စဉ်များစွာ ဖြစ်ပွားထားခဲ့သည်။

ပေကျင်း ဇွန် ၂
အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးကိစ္စအပေါ် ၄င်း၏မူဝါဒများဖြင့် မဆုံးဖြတ်သင့်ကြောင်း၊ အငြင်းပွားကျွန်းများတွင် ဘက်လိုက်မှု မပြုဟုဆိုသည့် ကတိကို တည်သင့်ကြောင်း ထိပ်တန်းတရုတ်သံအမတ် တစ်ဦးက တရုတ်-အမေရိကန် လုံခြုံရေးဆွေးနွေးပွဲမတိုင်မီ ကြာသပတေးနေ့က ပြောခဲ့သည်။
တောင်တရုတ်ပင်လယ်ပြင်၌ တရုတ်ထိန်းချုပ်ထားရာကျွန်းများအနီး အမေရိကန်စစ်ဘက်ဆိုင်ရာလှည့်ကင်းများ ဆောင်ရွက်နေမှုကို တရုတ်နိုင်ငံဘက်မှ အလိုမကျမှုများ ဖြစ်ပေါ်နေသည်။

ဂျပန်နိုင်ငံက မိဘနှစ်ပါးက ကလေးကို အပြစ်ပေးတဲ့အနေနဲ့ အသက် ၇ နှစ်အရွယ် ကလေးကို တောထဲ ချန်ထားရာက စနေနေ့ကတည်းက ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့ရပြီ ဖြစ်ပါတယ်။
အဲဒီကလေးဟာ မိဘပြောစကားကို နားမထောင်လို့ မိဘတွေက အပြစ်ပေးတဲ့အနေနဲ့ ချန်ထားတာ ဖြစ်ပြီး ပြန်လာရှာတဲ့အခါမှာ မတွေ့လို့ စနေနေ့ကစပြီး ရှာဖွေမှု ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

မြေထဲပင်လယ်အတွင်း ပျက်ကျသွားသည့် အီဂျစ်လေကြောင်းပိုင် ခရီးသည်လေယာဉ်၏ Black Boxမှ ထုတ်လွှင့်နေသော အချက်ပြလှိုင်းများကို ပြင်သစ် ရေယာဉ်တစ်စီးက ဖမ်းယူရရှိခဲ့ကြောင်း သိရသည်။
ခရီးစဉ်အမှတ် ၈၀၄ လေယာဉ်သည် ပါရီမှ ကိုင်ရိုသို့ ပျံသန်းစဉ် ဂရိရေပိုင်နက်အနီး မြေထဲပင်လယ်ထဲ ပျက်ကျသွားခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ပျက်ကို လိုက်လံရှာဖွေနေသည့် ပြင်သစ်ရေယာဉ် La Place တွင် တပ်ဆင်ထားသော အာရုံခံကိရိယာများက ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxမှ ထုတ်လွှတ်သည့် အချက်ပြလှိုင်းများကို ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မနက်က လူ ၂ ဦး အသေပစ်သတ်ခံရပါတယ်။
ဒါကြောင့် တက္ကသိုလ် ပရိဝုဏ်တခုလုံးကို ၂ နာရီကြာ ပိတ်ချခဲ့ရပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ အဆောက်အဦတွေထဲမှာ ပုန်းအောင်းနေခဲ့ရပါတယ်။
ပစ်ခတ်သူဟာ တက္ကသိုလ် ပရိဝုဏ်ထဲမှာပဲ ရှိနေတာ ဖြစ်နိုင်တယ်လို့ တက္ကသိုလ် အရာရှိတွေက ဇွန် ၁ ရက် မနက်က ပြောပါတယ်။

ပေကျင်း ဇွန် ၁
တရုတ်နိုင်ငံသည် ၄င်း၏ ပထမဆုံး ကိုယ်ပျောက်တိုက်လေယာဉ်J-20 ကို စမ်းသပ်မှုများပြုလုပ်နေပြီး ယင်း စစ်လေယာဉ်ကို မကြာခင်အသုံးပြုတော့ မည်ဖြစ် ကြောင်း လေကြောင်းတပ်ဖွဲ့က ပြောသည်။

ဆိုးလ်၊ ဇွန် ၁
အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာရန် သေချာသလောက်ရှိနေသော ဒေါ်နယ်ထရန့် အား မြောက်ကိုရီးယားအစိုးရက ထောက်ခံအားပေးလိုက်ပြီး ထရန့်မှာ အနာဂတ်ကာလကို ကြိုတင်မှန်းဆနိုင်သော သမ္မတလောင်း ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်လဲ ဒီမိုကရက်တစ်ဘက်မှ ဟီလာရီ ကလင်တန်ကိုမူ ပြုံးယမ်းအစိုးရက ဝေဖန်တိုက်ခိုက်သွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းပထုန်မြို့မှာ ဒီကနေ့မနက်က လေယာဉ်ငယ်တစီးပျက်ကျပြီး လေယာဉ်ပေါ်ပါသူ ၃ ဦးလုံး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါလေယာဉ်ငယ်ဟာ ထိုင်းအစိုးရပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းသိပ္ပံဌာနက လေ့ကျင့်ရေး လေယာဉ်ငယ် တစီးဖြစ်ပြီး လေယာဉ်မောင်းသင်ကြားစဉ် ဒီကနေ့မနက် ၅ နာရီလောက် ပျက်ကျသွားတာလို့ နခွန်ပထုန်ရဲတပ်ဖွဲ့ အထူးစုံစမ်းဆေးရေးဌာန ဒုညွှန်မှူး ဗိုလ်မှူးကြီး မာနုပ် မန့်ယိန်းက သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း ရာသီမရောက်ခင် ကြိုတင် ပြင်ဆင်ကြဖို့ သမ္မတ ဘားရတ် အိုဘားမားက ပြည်သူတွေကို မေ ၃၁ ရက်နေ့က သတိပေး လိုက်ပါတယ်။
ဟာရီကိန်းမုန်တိုင်းတွေနဲ့ တခြား သဘာဝကပ်ဘေးတွေရဲ့ ခြိမ်းခြောက်မှုကို အရေးတယူ လုပ်ကြဖို့နဲ့ အဆင်သင့် ယူနိုင်တဲ့ အရေးပေါ် အသုံးအဆောင် ပစ္စည်း ကိရိယာတွေ ပြင်ဆင်ထားဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေကို ဒေသခံ အာဏာပိုင်တွေက ဂရုစိုက်ကြဖို့လည်း အိုဘားမားက သတိပေးပါတယ်။