
မြေထဲပင်လယ်ထဲ ပျက်ကျခဲ့သည့် အီဂျစ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်သည် ပျက်မကျမီ ဦးတည်ချက် ပြောင်းလဲခဲ့ကြောင်း ဖော်ပြချက်များကို အီဂျစ် အာဏာပိုင်များက ငြင်းဆိုသွားသည်။
အီဂျစ်လေကြောင်းပိုင် Airbus A320 လေယာဉ်သည် မေ ၁၇ ရက်က ပါရီမှ ကိုင်ရိုသို့ ပျံသန်းစဉ် ဂရိရေပိုင်နက် အနီး၌ ပျက်ကျခဲ့သည်။ ဂရိကာကွယ်ရေး ဝန်ကြီးဌာနက လေယာဉ်သည် ပျက်မကျမီ ဘယ်ဘက်သို့ ၉၀ ဒီဂရီ
စောင်းချလိုက်ပြီး ထို့နောက်တွင် ၃၆၀ ဒီဂရီ လည်ဆင်းသွားပြီးမှ ရေထဲထိုးကျခဲ့သည်ကို ရေဒါမှတ်တမ်းများတွင် ဖမ်းယူ တွေ့ရှိခဲ့သည်ဟု အစောပိုင်းက ကြေညာခဲ့သည်။









