မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်းင်း၏အာဏာကို ပိုမိုခိုင်မာစေရန်ရည်ရွယ်၍ မြောက်ကိုရီးယား ပါလီမန်လွှတ်တော် အစည်းအဝေးကို ယခုလကုန်တွင် ကျင်းပမည်ဟု KCNA သတင်းက ဇွန် (၉) ရက်တွင် ကြေညာခဲ့သည်။ (more…)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်းင်း၏အာဏာကို ပိုမိုခိုင်မာစေရန်ရည်ရွယ်၍ မြောက်ကိုရီးယား ပါလီမန်လွှတ်တော် အစည်းအဝေးကို ယခုလကုန်တွင် ကျင်းပမည်ဟု KCNA သတင်းက ဇွန် (၉) ရက်တွင် ကြေညာခဲ့သည်။ (more…)
ပနားမားတူးမြောင်းအာဏာပိုင် အဖွဲ့သည် တူးမြောင်းအတွင်း ဖြတ် သန်းသွားလာသော သင်္ဘောများ၏ ရေစူးကန့်သတ်မှုကို ပြန်လည်ပယ် ဖျက်လိုက်ပြီဟု ဇွန် ၈ ရက်က သတင်း ထုတ်ပြန်ကြေညာလိုက်သည်။
လက်သင့်မခံနိုင်လောက်တဲ့ ဖိအားပေးတာခံ နေရတယ်လို့ ဆို
ယီမင်စစ်ပွဲမှာ ကလေးသူငယ်တွေ အများအပြား ထိခိုက်ခံရတဲ့အတွက် ကုလသမဂ္ဂ က နာမည်ပျက်စာရင်း သွင်းထားခဲ့တဲ့ ဆော်ဒီအာရေးဗီးယား ကို အဲဒီနာမည်ပျက် စာရင်း က နေ ထုတ်ပယ်ပေးဖို့ ဆော်ဒီ အစိုးရ ကနေ လက်သင့်မခံနိုင်လောက်တဲ့ ဖိအားပေးတာတွေ ခံနေရတယ် လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။
ခရီးသွား ပါလက်စတိုင်းမိသားစုကို အစ္စရေးလ်စစ်သားက တားဆီးမေးမြန်းစဉ်
အစ္စရေးလ်နိုင်ငံ Tel Aviv မြို့ ကာကွယ်ရေးဝန်ကြီးဌာနအနီးမှာ မနေ့က ဗုဒ္ဓဟူးနေ့တုန်းက ဈေးဝယ်သူတွေနဲ့ ညစာ စားနေသူတွေကို ပါလက်စတိုင်း သေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အပြီးမှာတော့ ပါလက်စတိုင်းသား ၈၃,၀၀၀ ကို ရာမာဒန် ဥပုသ်လအတွင်း ခရီးသွားလာခွင့် အစ္စရေးက ပိတ်လိုက်ပါတယ်။ မနေ့က တိုက်ခိုက်မှုကြောင့် လူ ၄ ယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရခဲ့တာပါ။
သမ္မတ Obama နှင့် နိုင်ငံခြားရေးဝန်ကြီးတယောက်လည်းဖြစ်၊ သမ္မတကတော်ဟောင်း တယောက်လည်း ဖြစ်တဲ့
မစ္စက် ကလင်တန် တို့ကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၀၁၂)
မော်စကို ဇွန် ၉
ဇွန် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁ဝနာရီ ၂၅မိနစ်တွင် ရုရှားနိုင်ငံမော်စကိုဒေသ၌ စစ်ဘက်သုံး Su-27 လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။
ပေကျင်း၊ ဇွန် ၉
အရှေ့တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားကျွန်းသို့ တရုတ်သင်္ဘောရွှက်လွှင့်ခဲ့သဖြင့် တိုကျိုရှိ တရုတ်သံအမတ်ကြီးအား ဂျပန်က ကန့်ကွက်ကြောင်း ပြောဆိုသည်။
အငြင်းပွားနေသည့် လူမနေသော ကျွန်းများကို ဂျပန်က ရှင်ကာကုကျွန်းစုဟု ခေါ်ကာ တရုတ်ဖက်က ဒိုင်အိုယု ကျွန်းစုများအဖြစ် ခေါ်သည်။
တစ်ချိန်တည်းတွင် ယင်းရေပြင်အတွင်း ရုရှရေတပ်သင်္ဘောများကိုလည်း တွေ့ရှိကြောင်း ဂျပန်ပြည်တွင်းများတွင် ဖော်ပြသည်။
မိုဆူးလ် ဇွန် ၈
အစ္စလာမ္မစ်နိုင်ငံတည်ထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့ သိမ်းယူထားသော မိုဆူးလ်မြို့တောင်ဘက်ပိုင်းရှိ ကျေးရွာများတွင် တည်ရှိသော အီရတ်လုံခြုံရေး တပ်ဖွဲ့ စခန်းများအား အိုင်အက်စ်စစ်သွေးကြွများ၏ တိုက်ခိုက် လာခြင်းကို အီရတ်လုံခြုံရေးတပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ပြီး စစ်သွေးကြွ ၄၅ ဦး သေဆုံးသွားကြောင်း အီရတ်စစ်ဘက်က ပြောကြားသည်။
တဲလ်အယ်ဗစ်၊ ဇွန် ၉
အစ္စရေးနိုင်ငံ တဲလ်အယ်ဗစ်မြို့ လဟာပြင်ဈေးနှင့် စားသောက်ဆိုင်များရှိရာ အရပ်တွင် ပါလက်စတိုင်းလက်နက်ကိုင် နှစ်ဦး ပစ်ခတ်၍ လူလေးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။
အနောက်ဖက်ကမ်း ဟီဘရွန်းမြို့အနီးရှိ ပါလက်စတိုင်းရွာ ယတ်တာရွာမှ ၀င်ရောက်လာသည့် လက်နက်ကိုင်နှစ်ဦး ဖြစ်ကြောင်း ရဲက ပြောသည်။
ဝါရှင်တန် ဇွန် ၈
အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ်ပြင်တွင် လုံခြုံရေးပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်ရန် အမေရိကန် နှင့် အိန္ဒိယတို့က သဘောတူခဲ့သည်။ နှစ်နိုင်ငံသည် တရုတ်၏ ရေကြောင်း လှုပ်ရှားမှုများကို ထိန်းသိမ်းရန် သိသိ သာသာ ပြသလိုက်ခြင်းပင်ဖြစ်သည်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့သည် အင်္ဂါနေ့က အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်။