
ရာမာဒန် ကာလအတွင်း နိုင်ငံအနှံ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့မှုနှင့် ဆက်စပ်၍ ဆော်ဒီအာရေး ဘီးယား ရဲတပ်ဖွဲ့က ပါကစ္စတန် နိုင်ငံသား အများစု အပါအဝင် လူ ၁၉ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက အစ္စလာမ်မစ် ဘာသာရေး၏ အထွဋ်အမြတ် နေရာတစ်ခုဖြစ်သည့် မီဒီနာမြို့ အပါအဝင် ဆော်ဒီတွင် နေရာ ၃ ခု၌ ၂၄ နာရီ အတောအတွင်း ဗုံးပေါက်ကွဲမှုများ ဆင့်ကဲ ဖြစ်ပွားခဲ့သည်။ မီဒီနာမြို့၊ တမန်တော် မိုဟာမက် ဗလီကြီးအနီး အသေခံ ဗုံးခွဲမှုတွင်မူ လုံခြုံရေး အရာရှိ ၄ ဦးပါ သေဆုံးခဲ့သည်။












