ဗင်နီဇွဲလားနိုင်ငံ၏မြို့တော် ကရာကက်စ်တွင် အစိုးရထောက်ခံသူနှင့် ဆန့်ကျင်သူများ အရေအတွက် သိန်းနှင့်ချီ အပြိုင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံ၏မြို့တော် ကရာကက်စ်တွင် အစိုးရထောက်ခံသူနှင့် ဆန့်ကျင်သူများ အရေအတွက် သိန်းနှင့်ချီ အပြိုင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရီပက်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရန့်သည် မက္ကဆီကိုမှ ပြန်လာပြီးနောက် သြဂုတ် ၃၁ ရက်တွင် ရွှေ့ပြောင်း အခြေချမှုကို ဆန့်ကျင်သည့်တင်းမာသော သတိပေးချက်တစ်ရပ်ကို ထုတ်ြပန်ခဲ့သည်။ ထရန့်က အမေရိကန်အတွင်းသို့ တရားမ၀င် ဖြတ်ကျော် ၀င်ရောက်လာသူများအနေဖြင့် မည်သည့်အခါမျှ တရားဝင် အနေအထားကို ရရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဝယ်လင်တန် စက်တင်ဘာ ၂
နယူးဇီလန်နိုင်ငံ အရှေ့ဘက်ကမ်းခြေဒေသတွင် သောကြာနေ့နံနက် အာရုံမတိုင်မီ ပြင်းအား ၇.၁ မဂ္ဂနီကျုရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားသည့်အတွက် အသေးစား ဆူနာမီရေလှိုင်း ဖြစ်ပေါ် ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် အပျက်အစီးစာရင်း မရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

မက္ကစီကို စီးတီး စက်တင်ဘာ ၁
အပူပိုင်းမုန်တိုင်း Hermine သည် သြဂုတ် ၃၁ ရက်က မက္ကဆီ ကိုပင်လယ်ကွေ့၌ ဖွဲ့စည်းဖြစ်ပေါ်ကာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ နှင့်ဂျော်ဂျီယာပြည်နယ်များသို့ တိုက်ခတ်နိုင်သည်ဟု မိုးလေ၀သခန့်မှန်းသူများက စက်တင်ဘာ ၁ ရက်က ပြောဆိုလိုက်သည်။

ဆစ်ဒနီ၊ သြဂုတ် ၃၀
သြစတြေးလျဝန်ကြီးချုပ်မယ် ကွန်တန်ဘူးလ်အား လူထုထောက်ခံမှုမှာ အနိမ့်ဆုံးအဆင့်သို့ ကျသွားခဲ့ကြောင်း အင်္ဂါနေ့တွင် ပြုလုပ်သည့် သြစတြေးလျ သတင်းစာ စစ်တမ်းအရ သိရှိရသည်။


ဘရာဇီးလ်နိုင်ငံမှာ သမ္မတသစ် ဖြစ်လာတဲ့ Michel Temer က ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ သူ့နိုင်ငံအတွက် ခေတ်သစ်အစိုးရတရပ်ကို ထူထောင်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်မှာပဲ ကတိပေးလိုက်ပါတယ်။
အရင်သမ္မတဟောင်း Dilma Rousseff ကို အစိုးရဘတ်ဂျက်ငွေ ရသုံးစာရင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ရာထူးကနေ ဖယ်ရှားဖို့ ဘရာဇီးလ် အထက်လွှတ်တော်က ထောက်ခံမဲ ၆၁ မဲ ကန့်ကွက်မဲ ၂၀ နဲ့ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

မဲ ခြောက်ထောင် ဝန်းကျင် အသာစီးနဲ့ သမ္မတ ဘွန်ဂိုက အနိုင်ရခဲ့တယ် ဆိုတဲ့ အချက် ဟာ လိမ်ညာ လှည့်ဖျားတာ ဆိုပြီး အတိုက်အခံ တွေက ယူဆ နေပါတယ်။

ပင်လယ်ပြင်ကျွန်းစုများအရေး တရုတ်နှင့် နယ်မြေအငြင်းပွားမှုများ အရှိန်မြင့်လာနေချိန်တွင် သင်္ဘောပစ် ဒုံးလက်နက် စနစ်တစ်ခု ချထားနိုင်ရန် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင်များပြားသည့် အသုံးစရိတ်တစ်ရပ်ကို တောင်းခံထားသည်။
ဆန်ကာကူကျွန်းစုများက ဂျပန်တို့ဘက်က မှည့်ခေါ်ထားသော အရှေ့တရုတ်ပင်လယ်တွင်းရှိ လူသူမနေသည့် ကျွန်းစုများကို တရုတ်ရန်မှ ကာကွယ်နိုင်ရန် ယခုကဲ့သို့ ရေကြောင်းလက်နက် အင်အားကို တိုးမြင့်နိုင်ရန် ဂျပန်တို့က စီစဉ်လာခြင်းဖြစ်သည်။

ကွာလာလမ်ပူ သြဂုတ် ၃၁
ဘာတူလိုဏ်ဂူများဒေသရှိ ဟိန္ဒူဘာသာ ဝတ်ပြုကျောင်း၊ ရဲဌာနများနှင့်ဖျော်ဖြေရေး ကပွဲရုံများအား တိုက်ခိုက်ရန် စီစဉ်နေသည့် အိုင်အက်စ်စစ်သွေးကြွများဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာသည်။

ပေကျင်း သြဂုတ် ၃၁
အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) အဖွဲ့ဝင်နိုင်ငံဖြစ်ရေး လျှောက်ထားရန် ကနေဒါနိုင်ငံ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ကြိုဆို ထောက်ခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။