မြောက်ကိုရီးယား၏ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုသည် ရန်စသည့် အပြုအမူ တစ်ခုဟု ဆိုနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တိုင်လာဆန်က စွပ်စွဲ ပြောကြားလိုက် သည်။
သို့သော် အမေရိကန်အနေဖြင့် မြောက်ကိုရီးယားအရေးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းသွားရန် လိုလားကြောင်းလည်း တိုင်လာဆန်က ဆိုသည်။ မြောက်ကိုရီးယား သည် ဩဂုတ် ၂၆ ရက်က တာတိုပစ် ဒုံးကျည်အချို့ကို နိုင်ငံ၏ အရှေ့ဘက်ခြမ်းရှိ ကမ်းလွန်ပင်လယ်ပြင်သို့ စမ်းသပ် ပစ်ခတ်ခဲ့သည်။