ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအရေးကိစ္စအတွက် အရေးပေါ်အစည်းအဝေးပြုလုပ်

စက်တင်ဘာ ၅

မြောက်ကိုရီးယားတို့၏ အင်အားအပြင်းထန်ဆုံးဖြစ်သော ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ကိစ္စအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ပြုံယမ်းအစိုးရအပေါ် တုံ့ပြန်အရေးယူသွားကြမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။

တာဝေးပစ်ဒုံးကျည်ထိပ်ဖူးထဲ၌ ထည့်သွင်းပစ်လွှတ်နိုင်သော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ပြီးခဲ့သောတနင်္ဂနွေနေ့ ၌ မြောက်ကိုရီးယားတို့က စမ်းသပ်ခဲ့သည့်အတွက် ထိုကိစ္စနှင့်ပက်သက်၍ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က တောင်းဆိုခဲ့ကြသည်။

လော့စ်အန်ဂျလိစ်တွင် တောမီးလောင်ကျွမ်းမှု အရေးပေါ် အခြေအနေ ထုတ်ပြန်

အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ် မြို့တွင် တောမီးအခြေအနေ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထား ရကြောင်း သိရသည်။

ယခုအခါ လော့စ်အန်ဂျလိစ်သည် မြို့၏ သမိုင်းကြောင်းတလျှောက် အဆိုးရွားဆုံး တောမီးခြိမ်းခြောက်မှုများနှင့် ကြုံနေရသည်။ ဂလန်ဒေးလ် နှင့် ဘားဘန့်ခ် ဆင်ခြေဖုံး ရပ်ကွက်များတွင်မူ ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပြီး ဖြစ်သည်။

မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို စစ်ရေးအရတုံ့ပြန်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ဝါရှင်တန်၊ စက်တင်ဘာ ၎

မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို အမေရိကန်တို့ဘက်မှ ကြီးမားသောစစ်အင်အားဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

ဒုံးပျံထိပ်ဖူးထဲသို့ ထည့်သွင်းပစ်လွှတ်နိုင်သော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ပြုံယမ်းအစိုးရက အောင်မြင်စွာ စမ်းသပ်အပြီးတွင် သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏နိုင်ငံတော်လုံခြုံရေး အကြံပေးများနှင့်အတူ တွေ့ဆုံခဲ့ပြီး ဂျင်မ်မက်တစ်နှင့်အတူ စကားပြောဆိုခဲ့သည်။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်ခဲ့ပြီး ဒုံးကျည်မှာတပ်နိုင်ပြီလို့ ပြော

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။

အခုလို စမ်းသပ်တဲ့ နေရာဖြစ်တဲ့ ကီလ်ဂျူဒေသနဲ့ ကပ်နေတဲ့ တရုတ်နယ်စပ် ရန်ဗြန်ဒေသခံတွေကတော့ အားပြင်းတဲ့ ငလျင်တခု ခံစားခဲ့ရလို့ စိုးရိမ်နေကြတယ်လို့ ပြောဆိုထားပြီး ဂျပန် ငလျင်ပညာရှင်တွေကလည်း ဒီနေရာတဝိုက်မှာ အင်အား ရစ်ချတာ စကေး ၆.၃ ရှိတဲ့ ငလျင်လှုပ်သွားခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ဂျပန်ဘုရင့်မြေးတော် မင်းသမီးမာကို အရပ်သား တစ်ဦးနှင့် စေ့စပ်

ဂျပန် ဘုရင့်မြေးတော် မင်းသမီး မာကိုသည် ထုံးတမ်းစဉ်လာများကို ကျော်လွှားကာ သာမန် အရပ်သားတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းခဲ့ ကြောင်း သိရသည်။

ဂျပန်ဘုရင် အာကီဟီတို၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် အသက် ၂၅ နှစ်အရွယ် မင်းသမီး မာကိုသည် သူမ၏ ချစ်သူ ကီကိုမူရိုနှင့် တရားဝင် စေ့စပ်ခဲ့ခြင်းဖြစ်သည်။ မာကိုသည် ကိုမူရိုနှင့် လက်ထပ်ချိန်တွင် တော်ဝင်မိသားစုဝင်ဆိုသော ဂုဏ်ပုဒ်ကို စွန့်လွှတ်ရမည် ဖြစ်သည်။

ဗုံးစနက်တံဖြုတ်ရန်အတွက် ဖရန့်ဖွတ်မြို့တွင်းမှ လူပေါင်း ၆သောင်းကျော်ကို အရေးပေါ်နေရာပြောင်းရွှေ့

ဖရန့်ဖွတ်၊ ဂျာမနီ၊ စက်တင်ဘာ ၎

ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲပဲကျန်ရှိနေသေးသည့် ကြီးမားသောဗုံးတစ်လုံးကို စနက်တံဖြုတ်ရန် အတွက် ဖရန့်ဖွတ်မြို့လယ်ခေါင်မှ လူပေါင်း ၆သောင်းကျော်ခန့်ကို ဂျာမန်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မနက်ပိုင်း၌ အရေးပေါ်နေရာ ပြောင်းရွှေ့ပေးခဲ့ကြသည်။

မဟာမိတ်များ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဗြိတိန်တို့ဘက်မှ ကြဲချလိုက်သော အိတ်ခ်ျစီ ၄၀၀၀ ဗုံးကြီးသည် အလေးချိန် ၁.၄ တန်ခန့်ရှိကြောင်း သိရသည်။

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို ဖမ်းဆီး

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါဟာ စက်တင်ဘာ ၃ ရက်နေ့ အစောပိုင်းက သူ့အိမ်ကို ရဲတွေ ဝင်ရောက်စီးနင်းတာခံရအပြီး အဖမ်းခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်က သူ့ကို အမေရိကန် ကျောထောက်နောက်ခံပေးတဲ့ သစ္စာဖောက်မှုနဲ့ စွပ်စွဲခဲ့တာပါ။

လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဟွန်ဆန်ရဲ့ သြဇာကို ခြိမ်းခြောက်နိုင်မယ့် ဝေဖန်ရေး သမားတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ အလားအလာရှိသူ ဘယ်သူ့ကိုမဆို ဆန့်ကျင်နှိမ်နင်းတဲ့ လှုပ်ရှားမှုတွေ တိုးလာနေပါတယ်။

မြောက်ကိုရီးယားအရေး ထရမ့်ပြောဆိုမှုအပေါ် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပယ်ချ

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ အမေရိကန်ဘက်က သံတမန်နည်းလမ်းအရ အဖြေမရှိဘူးဆိုတာ မဟုတ်ဘူးလို့  အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က ပြောလိုက်ပါတယ်။ စစ်ပွဲအတွက် ရည်ရွယ်ချက်ရှိနေတဲ့နိုင်ငံကို စကားပြောနေရတာက အဖြေမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာပေါ် ရေးသားပြီးနောက် ဂျိမ်းစ်မက်တစ်က အခုလို ပြောလိုက်တာပါ။

ဟာဗေးမုန်တိုင်းကြောင့် တက္ကဆက်တွင် သေဆုံးသူ ၃၃ ဦးအထိ ရှိနေ

ဟူစတန်၊ သြဂုတ် ၃၁

အမေရိကန်နိုင်ငံ တက္ကဆက်ကမ်းရိုးတန်းတွင် တိုက်ခိုက်သွားသည့် ဟာဗေးမုန်တိုင်းကြောင့် လေပြင်းများ တိုက်ကာ ရေကြီးမှုများဖြစ်နေရာတွင်   သေဆုံးသူ ဦးရေသည် ၃၃ ဦးအထိ ရှိပြီဟု ယူဆရကြောင်း အာဏာပိုင်များက သြဂုတ် ၃၀ ရက်တွင် ပြောသည်။

ကမ္ဘာ့အကြီးဆုံး မူကြိုကျောင်းကို စင်ကာပူတွင် စတင်ဖွင့်လှစ်

ကမ္ဘာပေါ်တွင် အကြီးဆုံး မူလတန်းကြိုကျောင်းကို စင်ကာပူနိုင်ငံတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

Early Learning Village မူကြိုကျောင်းကို လိုရွန်ချွမ် အရပ်ရှိ ဩစတြေးလျ နိုင်ငံတကာကျောင်း (AIS) ပိုင်ဆိုင်သော မြေနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုကျောင်းကို AISနှင့် စတမ်းဖို့ဒ် အမေရိကန် နိုင်ငံတကာကျောင်း (SAIS)တို့ ပူးပေါင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။