
ထိုင်းနိုင်ငံမှာ ရာထူးတိုးပေးဖို့အတွက် လာဘ်ငွေပေးခဲ့တဲ့ ရဲအရာရှိ(၆)ဦးကို အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
အဲ့ဒီရဲအရာရှိတွေ လာဘ်ငွေပေးခဲ့သူဟာ ဗိုလ်ချုပ် ဆူရာချာတီ ဟက်ပန် လို့ ဟန်ဆောင်ထားတဲ့ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပါတယ်။
အသက်(၄၅)နှစ်အရွယ် အငှားယာဉ်မောင်းဟာ သူ့ရဲ့ လူမှုကွန်ရက် LINE application ရဲ့ profile မှာ ဗိုလ်ချုပ် ဆူရာချာတီရဲ့ဓာတ်ပုံကို တင်ထားတာပါ။









