အီရန် နျူကလီးယားထိန်းချုပ်ရေးအတွက် ၂၀၁၅ ခုနှစ်က ချုပ်ဆိုရရှိထားသည့် သဘောတူညီချက်ထဲကနေ အမေရိကန် နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ တစ်ဆက်တည်းမှာပင် အီရန်အပေါ် ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ပြန်လည် ချမှတ်သွားမည်ဟု ထရမ့်က မေလ ၈ ရက်တွင် ပြောဆိုသွားသည်။
နိုင်ငံ၏ ခေတ်အမီဆုံး စစ်လက်နက်များကို အမျိုးသား အောင်ပွဲနေ့ ချီတက်ပွဲတွင် ရုရှား ထုတ်ပြဖွယ်ရှိနေ
ရုရှား၏ အမျိုးသား အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံ၏ ခေတ်အမီဆုံး စစ်လက်နက် အသစ်များကို ခင်းကျင်း ပြသဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထရမ့်နှင့် ထိပ်သီးအစည်းအဝေးမတိုင်မီ ရှီကျင့်ဖျင်နှင့် ကင်ဂျုံးအွန်တို့ တွေ့ဆုံ
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း တို့ ဆွေးနွေးစဉ်(ဆင်ဟွာ)
ပေကျင်း၊ မေ ၈
မြောက်ကိုရီးယားခေါင်းဆောင်၏ မကြေညာသောခရီးစဉ်အဖြစ် တရုတ်အရှေ့မြောက်ပိုင်းတို့ ရောက်ရှိကာ သမ္မတ ရှိကျင့်ဖျင် နှင့် မေ ၈ ရက်တွင် တွေ့ဆုံသည်။
ပြင်ဆင်လျက်ရှိသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံးအွန်တို့၏ ထိပ်သီးအစည်းအဝေးမတိုင်မီ ရှီကျင့်ဖျင်နှင့် ကင်ဂျုံးအွန်တို့ တွေ့ဆုံမှုလည်း ဖြစ်သည်။
ပိတ်မယ်လို့ ပြောတဲ့ မြောက်ကိုရီးယား အနုမြူ စခန်းဟာ ပေါက်ကွဲ ပြိုကျပြီးလို့ တရုတ်ပြော
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပိတ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောတဲ့ ပွန်ဂျယ်ရီ မြေအောက် အနုမြူ သုတေသနစခန်းဟာ ပေါက်ကွဲ ပြိုကျသွားပြီးဖြစ်တယ်လို့ USTC ခေါ် တရုတ် ထိပ်တန်း သိပ္ပံတက္ကသိုလ်ကြီးက အရင်လက ဖေါ်ပြထားတဲ့နေရာဖြစ်ကြောင်း ဂျပန်သတင်းစာ နိကိုင်အိ က ရေးသားလိုက်ပါတယ်။
ဂျပန်တွင် ၃၇ နှစ်ဆက်တိုက် ကလေးဦးရေ ကျဆင်းလာ
ဂျပန်နိုင်ငံတွင် ကလေးဦးရေမှာ ၃၇ နှစ်ဆက်တိုက် ကျဆင်းလာနေကြောင်း သိရှိရသည်။ ထိုအခြေအနေက ဂျပန် လူ့အဖွဲ့အစည်းတွင် သက်ကြီးရွယ်အို ဦးရေက အချိုးအစား များပြားနေသည့် ပြဿနာကို တွန်းလှန် ဖြေရှင်းရာတွင် ကြီးမားသော အခက်အခဲ တစ်ခုအဖြစ် ရှိလာစေသည်။
ရုရှားသမ္မတ ပူတင် ကျမ်းသစ္စာ ကျိန်ဆို
ဓာတ်ပုံ-ရိုက်တာ
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မေလ ၇ ရက်နေ့က နောက်ထပ် ၆ နှစ်ကြာ သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်မှာ ပြုလုပ်တဲ့ ၄ ကြိမ်မြောက် ရာထူးလက်ခံပွဲအတွင်း သမ္မတပူတင်က ရုရှားပြည်သူတွေကို အလုပ်ကျွေးပြုမှာဖြစ်ကြောင်း၊ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်မှာဖြစ်ကြောင်းနဲ့ ရုရှားအချုပ်အခြာအာဏာကို ကာကွယ်မှာဖြစ်ကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
လက်ဘနွန်ရွေးကောက်ပွဲ၌ ဟစ်ဇ်ဘိုလာအဖွဲ့ အောင်ပွဲခံ
ဘေရွတ်၊ လက်ဘနွန်၊ မေ ၈
လက်ဘနွန်နိုင်ငံ၌ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ဆော်ဒီအစိုးရမှ ထောက်ပံ့ပေးထားသော လက်ရှိ ၀န်ကြီးချုပ် ဆက်ဒ်ဟာရီရီ၏အဖွဲ့သည် အကြီးအကျယ်ရှုံးနိမ့်ခဲ့သောကြောင့် အီရန်အစိုးရမှထောက်ပံ့ ပေးထားသော ဟစ်ဇ်ဘိုလာအဖွဲ့က အင်အားဆက်လက်ကြီးစိုးလာနိုင်ခဲ့ပြီး ၄င်း၏ထောက်ခံသူများက တနင်္လာနေ့ က အောင်ပွဲခံခဲ့ကြသည်။
ဆယ်စုနှစ်တစ်စုနီးပါးခန့်ကာလအတွင်း လက်ဘနွန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ်ကျင်းပသော ရွေးကောက်ပွဲ၌ အဓိကဦးဆောင်အဖွဲ့နှစ်ဖွဲ့ဖြစ်သော ဟစ်ဇ်ဘိုလာနှင့် ဆော်ဒီထောက်ခံသော လက်ရှိအစိုးရတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ဗင်နီဇွဲလားအစိုးရက ထိပ်တန်းဘဏ်တခုကို ထိန်းချုပ်၊ ငွေစုထားသူများ စိုးရိမ်
ဗင်နီဇွဲလားအစိုးရက နိုင်ငံရဲ့ ထိပ်တန်းဘဏ်တခုကို ဝင်ရောက်ထိန်းချုပ်ခဲ့လို့ ဘဏ်မှာငွေစုထားတဲ့ နိုင်ငံသားတွေ အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံရဲ့ ထိပ်တန်းဘဏ်ကြီးတခုဖြစ်တဲ့ ဘင်နက်စကို (Banesco) ကို အစိုးရက ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့က ဘဏ်ရှေ့မှာ စုငွေပြန်ထုတ်ချင်တဲ့သူတွေ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။
နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ပါက နောင်တရလိမ့်မည်ဟု အမေရိကန်ကို အီရန်သတိပေး
တဟီရန်၊ အီရန်၊ မေ ၇
အီရန်သမ္မတ ဟတ်ဆန်ရော်ဟာနီက အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အစိုးရနှင့်အတူထားရှိထား သော နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ခဲ့ပါက နောင်တအကြီးကြီး ရလိမ့်မည်ဟု တနင်္ဂနွေနေ့က သတိပေးခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လာမည့်မေလ ၁၂ ရက်နေ့တွင် သဘောတူညီမှုကို သက်တမ်းတိုး သည့်အချိန်တွင် နှုတ်ထွက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားခဲ့ပြီး သူ၏ ဥရောပမဟာမိတ်များအနေဖြင့် ဆိုးရွားသော အမှားကြီးကို ပြင်ဆင်ပေးရန်နှင့် ထိုသို့မဟုတ်ပါက သူ့အနေဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ် သွားရလိမ့်မည်ဟု ပြောဆိုထားခဲ့သည်။
လုပ်ကြံခံရတဲ့ ပါကစ္စတန် ဝန်ကြီး မစိုးရိမ်ရ
လာဟိုး က ဆေးရုံဆီ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ရတဲ့ ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal
ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal ဟာ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက် သွားခဲ့ပါတယ်။
ပန်ဂျပ်ပြည်နယ် က လူထုစည်းဝေးပွဲက အထွက်မှာ မစ္စတာ အစ်ဂ်ဘာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။