
ဇူလိုင်လ ၁ ရက်နေ့က ဟောင်ကောင်မှာ လူထောင်ချီပြီး ဟောင်ကောင်အား တရုတ်အစိုးရ ချုပ်ကိုင်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
နှစ်စဉ်ကျင်းပမြဲ ဟောင်ကောင် ဒီမိုကရေစီ ထောက်ခံပွဲဟာ ဒီနှစ်တော့ ပါဝင်သူ အရေအတွက် အနည်းဆုံး အနေအထားတခုကို ရောက်ရှိခဲ့ပါတယ်။
ဆန္ဒပြသူတချို့က ဒီမိုကရက်တစ်လှုပ်ရှားမှု အမှတ်လက္ခဏာအဖြစ် အဝါရောင်ထီးတွေနဲ့ ချီတက်ကြရာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားခဲ့ပါတယ်။









